အခန်း(၁၁၆၈)
လျော့ကျသွားခြင်း။
Bai Yanqing ၏အသက်ရှူမှု အားနည်းလာသည်နှင့်အမျှ Han Yunxi ၏ နှလုံးသားမှာ တင်းကျပ်လာစဥ် Gu Beiyue မှ မျက်ခုံးများကို တိတ်တဆိတ် ကျုံ့နေသည်။ မျှော်လင့်ချက် ဆုံးရှုံးရခြင်းထက် ပိုဆိုးသည်က ၎င်းကို လုယူသွားခံရခြင်းမပြုမီ တစေ့တစောင်း မြင်လိုက်ရခြင်းပင်။ ၎င်းမှာ စိတ်ပျက်အားငယ်စရာပင်။
တိတ်ဆိတ်နေသောအခန်းတွင်၊ Han Yunxi နှင့် Gu Beiyue တို့ နှစ်ဦးစလုံးမှာ ရှေ့တွင် Bai Yanqing မှ အားနည်းလာသထက် အားနည်းလာသည်ကို ခံစားနိုင်သည်။ Gu Qishao မှာ သူတို့ရှေ့တွင် မတ်တပ်ရပ်ကာ ပြုံးရွှင်နေဆဲပင်။ Long Feiye ၏ အကြည့်များမှာမူ သူ၏ ပြသနာဖြစ်နေသည့် လက်မောင်းကို ဖုံးကွယ်ထားသော အင်္ကျီလက်ကို စိုက်ကြည့်နေလေသည်။
လေထုက သူတို့အပေါ် ဖိအားသက်ရောက်နေသကဲ့သို့ လှောင်အိမ်ထဲမှာ ကြောက်လန့်မှုများ တိုးလာနေကာ အသက်ရှူရခက်လာသည်။
"ရပ်သွားပြီ။" ရုတ်တရက် Gu Beiyue မှ အော်ဟစ်လိုက်လေသည်။
Han Yunxi မှာ ပြန်မဖြေသော်လည်း သူမ၏ အံ့အားသင့်နေသည့် အမူအရာမှာ အရာအားလုံးကို ပြောနေလေသည်။
သူပြောတာမှန်တယ်! Bai Yanqing ရဲ့ သွေးခုန်နှုန်းက လုံးဝရပ်သွားပြီ။
“မဟုတ်ဘူး…” Gu Beiyue မှာ သူ၏ လက်ကို အသက်မဲ့စွာ လွှတ်လိုက်သည်။ အကယ်၍ သူတို့က အဖြေမရှာနိုင်လျှင် Gu Qishao မှာ ဆိုးရွားစွာ အန္တရာယ်ရှိလာလိမ့်မည်။ သူ၏ လက်မောင်းတွင် ပုံမှန်မဟုတ်သော လက္ခဏာများ ပြနေပြီပင်။
"မဖြစ်နိုင်ဘူး။ စကားလုံးမဲ့ ကျောက်ပြားက မှတ်တမ်းတွေက အလိမ်အညာ မဖြစ်နိုင်ဘူး။ ဖြေဆေးက ဖြေဆေးပဲ။ လူတစ်ယောက်ကို ဘယ်လိုသတ်နိုင်မှာလဲ။" Han Yunxi မှာ Bai Yanqing ၏ သွေးခုန်နှုန်းကို ခေါင်းမာစွာ စမ်းသပ်ကာ အဖြစ်မှန်ကို လက်ခံရန် ငြင်းဆန်နေသည်။
" ရပြီ အဆိပ် ကောင်မလေး၊ အဆိုးဆုံးမှ ချီကိုကိုက…" Gu Qishao လျင်မြန်စွာ ဖြတ်တောက်ခြင်း ခံလိုက်ရသည်။
"သွေးခုန်နှုန်းပြန်လာပြီ။" Han Yunxi မှ အော်လိုက်လေသည်။ "Gu Beiyue၊ မြန်မြန်စစ်ဆေးကြည့်။ ပြန်လာပြီ.. "
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...