အခန်း(၁၀၈၂)

222 22 2
                                    

အခန်း(၁၀၈၂)

အပြစ်ကျူးလွန်ပြီးနောက် အသက်ရှင်နိုင်မည် မဟုတ်။






Jun Yixie မှာ အဆိပ်မြွေပွေးများမှ သူ့ကို ရန်ပြုလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။ သူက ၎င်းတို့ကို ဤနေရာ၌ စုဆောင်းထားနိုင်ရန် အားထုတ်မှုများစွာ သုံးစွဲခဲ့ရသည်။ တကယ်တော့ Han Yunxi တို့ အဖွဲ့မှ ခိုးဝင်လာသည်အား ကာကွယ်ရန် မြွေအများအပြားဖြင့် စောင့်ကြပ်ရန် မလိုအပ်ပေ။ သူ၏ အစွမ်းသတ္တိကို ပြသကာ သူတို့အား သတိပေးချင်ရုံပင်။ 

Jun Yixie မှာ အနိုင်ကျင့်ရန် လွယ်ကူသည့်လူတစ်ယောက် မဟုတ်ကြောင် ပြောချင်သည်။ ကြိုးစားသူတိုင်းမှာ ကြီးမားသော တန်ကြေးကို ပေးဆပ်ရမည်။သို့တိုင် နောက်ဆုံးတွင်တော့ သူ၏ခြေထောက်ကို ကြိတ်ရန် ကျောက်တုံးတစ်တုံးကို ကောက်ယူမိလိုက်သကဲ့သို့ပင်။ ဒုတိယတောင်တွင် သူက ဝှက်ထားခဲ့သည့် မရေမတွက်နိုင်သော လေးသမားများမှာ သူ၏မြွေအရေအတွက်နှင့် မနှိုင်းယှဉ်နိုင်ပေ။ သူတို့၏ မြှားများမှာ ဘယ်လောက်ပဲ သေစေနိုင်ပါစေ မြွေအားလုံးကို မသတ်နိုင်ပေ။ တောင်ပေါ်ရှိ မြွေပွေးများမှာ သာမာန်မျိုးကွဲများသာ ဖြစ်ကြသော်လည်း အလွန်အဆိပ်ပြင်းသည်။ ၎င်းတို့မှာ တစ်ချက်ကိုက်မိလျှင်ပင် အချိန်တိုအတွင်း သေသွားနိုင်သည်။ သူ၏ လေးသမားများမှာ ဒုတိယ ရှေ့တန်းတပ်နှင့် သူ၏ စစ်မှန်သော ကာကွယ်ရေး လမ်းကြောင်း ဖြစ်သည်။ Long Feiye ကဲ့သို့သော အဆင့်မြင့် ကျွမ်းကျင်သူများအတွက် အရေးကြီးသော တန်ပြန်မှုတစ်ခုအဖြစ် ထိုသူများအား ထိုနေရာတွင် ကင်းပုန်းထားခဲ့သည်။

Jun Yixie မှာ  ဖြည်းဖြည်းချင်း ထလိုက်သည် ။ သူ၏ ရှေ့တန်းခံစစ်မှာ ဒုတိယခံစစ်ကို ဖျက်စီးပစ်လိုက်သည်။ အကယ်၍ ဤသတင်းသာ ပျံ့နှံ့သွားလျှင် တိမ်တိုက်ကုန်းမြေကြီး၌ အကြီးကျယ်ဆုံး ရယ်မောစရာ ဖြစ်လာလိမ့်မည်။ 

"အရှင့်သားခန်ဝမ်၊ အဲဒီ အဆိပ်မြွေတွေ ဘာဖြစ်နေတာလဲ။ သူတို့ကို တားဖို့ နည်းလမ်းမရှိဘူးလား။ ဒီအတိုင်းဆက်သွားရင် ကျွန်တော်တို့ အပျက်အစီး များလိမ့်မယ်။" အစောင့်မှ အရေးတကြီး သတိပေးလာသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now