အခန်း(၁၀၈၄)

203 22 2
                                    

အခန်း(၁၀၈၄)

ကမ္ဘာပေါ်မှာ နင်ချန် တစ်ယောက်ပဲ ရှိတယ်။







Jun Yixie မှာ Han Yunxi ကို တစ်ယောက်တည်း ဝင်လာ စေချင်နေတာလား။ 

တကယ့်ဟာသကြီးပဲ။ သူက ရှိနေသည့် အခြားအမျိုးသားများကို လျစ်လျူရှုနေတာလား။ Long Feiye ၊ Gu Qishao နှင့် Gu Beiyue တို့ကို လျစ်လျူရှုထားလျှင်တောင် Tang Li မှပင် Han Yunxi ကို တစ်ယောက်တည်း ဝင်ရောက်ခွင့်မပြုနိုင်ပေ။ Jun Yixie ကို  တုံ့ပြန်ချင်စိတ်မရှိတော့သော Long Feiye ၏ မျက်နှာမှာ အေးခဲသွားသည်။ Gu Beiyue မှာလည်း တိတ်ဆိတ်နေပြီး Ning Cheng မှာ အေးစက်စွာသာ ပြုံးလိုက်သည်။

Gu Qishao မှာ မျက်လုံးများ ကျဥ်းမြောင်းကာ ပြောလိုက်သည်။ "Jun Yixie၊ မင်း လိုချင်တာ အရမ်း များသွားပြီ။"

Tang Li မှာ အေးစက်စွာ နှာမှုတ်လိုက်သည်။ "Jun Yixie၊ မင်းက မိန်းမတွေကို အနိုင်ကျင့်တာအပြင် ဘာလုပ်ဝံ့သေးလဲ။"

အကယ်၍ Jun Yixie မှာ သူ၏ လက်ထဲတွင် ဓားစာခံ အားလုံး ရှိနေလျှင် ယခုပင် သူတို့ကို ခေါ်ထုတ်လာကာ Long Feiye ၏ အဖွဲ့ကို ကျားထောင်ထဲ ဝင်လာရန် ခေါ်လိမ့်မည်။ သို့တိုင် သူက မလုပ်နိုင်ပေ။ သူ့တွင် Ning Cheng တစ်ယောက်သာ ရှိနေသည်။အဖွဲ့၏ ကဲ့ရဲ့ရှုတ်ချခြင်းအား ရင်ဆိုင်ရလျှင်ပင် သည်းခံရုံသာ တတ်နိုင်သည်။ 

သူက Han Yunxi  ဆီသို့ လှမ်းကြည့်ကာ ထေ့လိုက်လေသည်။ "Han Yunxi၊ ကြည့်ရတာ မင်းက ဒီလူတွေကို ရိုးရိုးသားသား ကယ်တင်ဖို့ လာတာမဟုတ်ဘူး ထင်တယ်။"

ရိုးရိုးသားသား?

အကယ်၍ သူတို့က မရိုးသားလျှင် သူမနှင့် Long Feiye တို့မှာ ဤခရီးကို ကိုယ်တိုင်စွန့်စားရန် မြောက်ပိုင်း စစ်ရေးတပ်များကို  ထားခဲ့မည်လား။ သူတို့က Ning Cheng နှင့် မျက်နှာချင်းဆိုင်နေကြသော်ရလည်း Han Yunxi မှာ များစွာ ရှင်းပြလိုစိတ် မရှိပေ။ ယခုအချိန်တွင် Ning Cheng မှာ သူမအား ယုံကြည်မှုအပြည့်နှင့် လေးစားမှုအပြည့်ဖြင့် ကြည့်နေလေသည်။ Jun Yixie မှာ သူတို့ကို ရန်စရန် သက်သက် ကြိုးစားနေသော်လည်း Ning Cheng မှာ ထိုထက် ပို၍ ထက်မြက်သူပင်။ 

မထင်မှတ်ပဲ Jun Yixie မှာ Ning Cheng ၏ ဒူးကို ရုတ်တရက် ကန်လိုက်သည် ။  ချက်ချင်းပင် သူက ဒူးထောက်ကျသွားလျှင် Jun Yixie မှာ ခြေတစ်ချောင်းကို မြှောက်ကာ သူ၏ ပုခုံးမှ ဖိထားလိုက်သည်။ "တစ်ယောက်ယောက်လာ၊ မီးရှူးတိုင်ယူလာ…"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now