အခန်း(၁၁၄၄)

223 22 0
                                    

အခန်း(၁၁၄၄)

လုံဖေးယဲ့ရဲ့ လက်ဆောင်ကြီး။







Long Feiye ၏ တောင်းပန်မှုဖြင့် ရင်ဆိုင်ရချိန်တွင် Han  Yunxi မှာ အလွန် စိတ်လှုပ်ရှားသွားတော့သည်။ သူမ သူ့ကို ငေးမောကြည့်ကာ ဘာပြန်ပြောရမှန်း မသိတော့ပေ။ ဖွဲ့စည်းပုံဝင်္ကပါ ပညာမှာ မည်သူမဆိုအတွက် မဟုတ်ပဲ တစ်နှစ် သို့မဟုတ် နှစ်ဝက်အတွင်း ကျွမ်းကျင်နိုင်ရန် ပို၍ မဖြစ်နိုင်ကြောင်း သူမ သိနေသည်။

ပြန်ပေးဆွဲခံရပြီးနောက် အချိန် ဘယ်လောက်ကြာခဲ့ပြီလဲ။ သူက ကျွမ်းကျင်မှု၏ အထွတ်အထိပ်ကို ဆုပ်ကိုင်ထားရုံသာမက အသေးစိတ်အချက်များအားလုံးကိုလည်း ဆုပ်ကိုင်ထားသည်။ Han Yunxi မှာ ခြေဖျားထောက်ကာ Long Feiye ၏ ပါးတွင် အနမ်းလေးတစ်ပွင့် ပေးလိုက်လေသည်။ 

“ရှင့် အပြစ်အားလုံး မရှိတော့ဘူး။” သူမက ရေရွတ်လိုက်လေသည်။

Long Feiye မှာ သူ၏ နှလုံးသားမှ အလေးချိန်များ လျော့ပါးသွားသဖြင့် နောက်ဆုံးတွင် ပြုံးလိုက်မိသည် ။ 

“ထွက်ပေါက်ရှာရအောင်..” Han  Yunxi မှ ပြောလိုက်သည်။ 

ထို့နောက် Gu Beiyue မှ စကားစလာသည်။ "မင်းသမီး၊ အဲဒါက နေရာလွတ် ချိတ်ပိတ်ထားတာကို ဖယ်ရှားလိုက်တာမလို့ တိုက်ရိုက်ဆင်းသက်လာတဲ့ သွေးရင်းဖြစ်ရမယ်။ အဲဒါကပဲ ကျွန်တော်တို့ကို ထွက်သွားနိုင်လိမ့်မယ် ထင်တယ်။"

နောက်ဆုံးအကြိမ်၊ သူတို့က အဆိပ်ဂိုဏ်း၏ ယဇ်ပလ္လင်ရှိ စကားလုံးမဲ့ ကျောက်ပြား ကိုဖြတ်၍ ဝင်ရောက်ပြီးနောက် လူလုပ် ပုံရိပ်ယောင်ကမ္ဘာသို့ ရောက်သွားကြသည်။ သို့ရာတွင် ဤနေရာမှာ ကွဲပြားဟန်တူသည်။ ထို့အပြင်၊ ၎င်းမှာ နှင်းဝံပုလွေများ၏ အနားယူရာနေရာများကို ကာကွယ်ရန် ဖန်တီးထားသောကြောင့် ချိုးဖျက်ရန် မဖြစ်နိုင်ပေ။ တရားဝင်ထွက်ပေါက်မှသာ ထွက်သွားနိုင်လိမ့်မည်။

Bai Yanqing ကို စောင့်ကြည့်ရန် Gu Qishao ထံ အပ်ထားပြီးနောက် Han Yunxi တို့အဖွဲ့မှာ သူတို့ကဆင်းသက်ရာနေရာသို့ ပြန်သွားပြီးနောက် မြေပြင်ပေါ်တွင် သွေးတစ်စက်ချလိုက်သည်။ ကံမကောင်းစွာ သွေးစက်မှာ မြေကြီးကိုမထိခင် ပျောက်ကွယ်သွားလေသည်။ ထို့နောက်တွင် ထွက်ပေါက်တစ်ခုပေါ်လာမည်ဟု သူတို့ထင်ခဲ့သော်လည်း မည်သည့်အရာမှ လှုပ်ရှားလာခြင်း မရှိပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now