အခန်း(၁၁၀၉)
သူက စစ်မှန်တဲ့ ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့ပြီ။
"အရှင့်သား Bai Yanqing က မင်းသမီးကို သတ်ဖို့ မရည်ရွယ်ပါဘူး။ သူမ အန္တရာယ်မဖြစ်နိုင်ပါဘူး။"
“အရှင့်သား၊ ကျွန်တော်တို့မှာ အချိန်ရှိပါသေးတယ်။ကျွန်တော်တို့အတွက် အခုအချိန်မှာ အရေးကြီးဆုံးက မော့ရှဲ့ ရတနာဓားကို မြန်မြန်ဆန်ဆန်နဲ့ ရယူနိုင်ဖို့ပါ။”
"အရှင့်သား၊ တကယ်လို့ သူတို့အားလုံးကို သတ်ရင် ကမ္ဘာကြီးက ကမောက်ကမ ဖြစ်သွားလိမ့်မယ်။ ဒါဆို Bai Yanqing က နိုင်သွားလိမ့်မယ်။"
"အရှင့်သား၊ မင်းသမီးက အရှင့်သားရဲ့လက်တွေ သွေးစွန်းနေတာကို မြင်ချင်မှာ မဟုတ်ဘူး။"
"အရှင့်သား၊ တကယ်လို့ မင်းသမီးကိုယ်စား အစုလိုက်အပြုံလိုက် သတ်ဖြတ်လိုက်မယ်ဆိုရင် ကမ္ဘာကလူတွေ သူမကို ကျိန်စာတိုက်ကြလိမ့်မယ်။"
“အရှင့်သား၊ ကယ်ဆယ်ရေးလုပ်ငန်းက အရေးကြီးဆုံးပါ။ Bai Yanqing က အနီးအနားမှာ ရှိနေနိုင်ဦးမှာမလို့ ကျွန်တော်တို့က ဆက်ရှာဖွေပြီး အစီအစဥ်တွေ တွေးထားသင့်တယ်။ မင်းသမီးက ကျွန်တော်တို့ကို သဲလွန်စတွေ ချန်ထားခဲ့တာ ဖြစ်နိုင်တယ်။”
Long Feiye မှာ Gu Beiyue အား ဂရုမစိုက်ပဲ သူ့ကို ချော့မော့ရန် ခွင့်ပြုထားသည်။ သူ၏ ဓားရှည်သည် မြေပြင်ဖြင့် ပွတ်ဆွဲကာ ဘေးရှိ အကျဉ်းခန်းထဲသို့ ခြေလှမ်းတစ်လှမ်းချင်း ဦးတည်သွားနေသည်။ သူက ဒေါသထွက်နေသော်လည်း သူ၏ ငြိမ်သက်မှုနှင့် ဓားသွားမှ ခြစ်ဆွဲသံများမှာ အထီးကျန်ဆန်သော အငွေ့အသက်များ ထုတ်ပေးနေလေသည်။
၎င်းမှာ Long Feiye ၏ နှလုံးခုန်သံပေလား။
Long Feiye မှာ တုံ့ပြန်မှုမရှိလျှင် Gu Beiyue မှာ ရပ်တန့်သွားသော်လည်း Gu Qishao မှာ မရပ်တန့်ပဲ သူ၏ နောက်သို့ ထပ်ကြပ်မကွာ လိုက်သွားလေသည်။ဤလူများအားလုံးကို သေစေရန် သူက Long Feiye မှ စတင်သတ်ဖြတ်မည်ကို စောင့်ဆိုင်းနေသည်။ လက်ရှိတွင် သူတို့က အဆိပ်ကောင်မလေးကို ကယ်တင်နိုင်ခြင်းမရှိသော်လည်း တစ်နည်းတစ်ဖုံ ဒေါသများ ဖွင့်ထုတ်ရမည်။ အနည်းဆုံးတော့ အဆိပ်ကောင်မလေးအတွက်ပင်။ ထို့နောက် သူတို့ ကိုယ်တိုင်အတွက်ပင်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...