အခန်း(၁၁၆၇)
လုံဖေးယဲ့၏ တိတ်တဆိတ် သတိပေးချက်။
Han Yunxi တို့အဖွဲ့မှာ သံလှောင်အိမ်ကြီးကို ဖန်တီးပြီး သံတိုင်များမှ နံရံများထိသွားစေရန် မြေအောက်ခန်းတစ်ခုတွင် ချထားလိုက်သည်။ Bai Yanqing ကဲ့သို့ မသေနိုင်သောလူကို ကြာမြင့်စွာ ထိန်းထားနိုင်မည်မဟုတ်သော်လည်း ယခုအခါတွင် ၎င်းမှာ သူ့ကို ထိန်းသိမ်းထားနိုင်သည်။ Su Xiaoyu မှာ သူ့ကို မည်သို့ လျှော့ချခဲ့သည်လဲ အပြင်မထုတ်ခင်အထိ သူတို့ မမြင်ခဲ့ကြပေ။
လက်ရှိတွင် သူတို့က လှောင်အိမ်အပြင်ဘက်တွင် ရပ်နေပြီး အတွင်းထဲ၌ သတိလစ်နေသည့် အမျိုးသားကို ကြည့်နေသည်။ Su Xiaoyu ၏ ပြောကြားချက်အရ သူမက ထိုလူအား မေ့လဲသွားသည်အထိ နှိပ်စက်ခဲ့သည်။ သူ၏ သွေးစွန်းများအကြောင်း အတိအကျ တစ်စုံတစ်ရာ မတွေ့ခဲ့ရသော်လည်း Bai Yanqing မှာ အချည်းအနှီး ဖြစ်သွားမှန်း အားလုံးမှာ သိနိုင်သည်။
Gu Qishao မှာ သူ၏ ဘေးနားတွင် ဒူးထောက်လိုက်ပြီး စစ်ဆေးရန် မေးစေ့ကို မြှောက်ထားလိုက်သည်။Su Xiaoyu မှ ပြောခဲ့သလိုပင် သူ့တွင် သွားများ မကျန်တော့ပေ။ သူက အုပ်စုထံ ကြည့်ကာ မေးလိုက်သည်။ "သူ့သွားတွေ ပြန်ပေါက်ဖို့ ဘယ်လောက်ကြာမလဲ။"
"သူ့ရဲ့ ပြန်လည်ကောင်းမွန်နှုန်းနဲ့ဆို သိပ်မကြာလောက်ဘူး။" Han Yunxi မှာ သူမ၏ တင်ပါးပေါ်တွင် လက်တစ်ဖက်နှင့် အခြားတစ်ဖက်ကို သူမ၏ဗိုက်ပေါ်တွင် တင်ထားသည်။ သူမက ပို၍ မိခင်တစ်ယောက်ဖြင့် တူလာသည်။
“မင်းသမီး၊ ကျွန်တော်တို့မှာ အဆိပ် မျက်ရည် ကိုးစက်က တစ်စုံပဲရှိတယ်။ သတိထားပြီး ဆူးပင်တွေကို ပျိုးထောင်ဖို့ သူ့သွေးနမူနာကို အရင်ယူကြရအောင်။” Gu Beiyue မှ မေးလိုက်သည်။
"ဒါ အကြံကောင်းပဲ။" Han Yunxi မှ အော်လိုက်လေသည်။
Gu Beiyue မှာ ပန်းကန်သေးသေးတစ်လုံးကို လျင်မြန်စွာ ယူလာပြီး Gu Qishao မှ သွေးနမူနာအချို့ကို ယူခိုင်းလိုက်သည်။ Gu Qishao မှာ လှောင်အိမ်ထဲတွင် မတ်တပ်ရပ်နေချိန်တွင် Han Yunxi နှင့် Gu Beiyue တို့မှာ စမ်းသပ်မှုများကို လျင်မြန်စွာ စတင်လိုက်သည်။ Long Feiye အတွက်တော့ ပြပွဲကြည့်ရန် အချိန်မရှိသဖြင့် သူ၏ ကိုယ်ပိုင်ကိစ္စများကို ဖြေရှင်းရန် ပြန်သွားလိုက်သည်။
Baili Yuanlong မှာ Bai Yanqing ကို ဖြေရှင်းပြီးကြောင်း သတင်းရပြီးနောက်တွင် အရှင့်သားအား စစ်တပ်သို့အမြန်ပြန်ရန် တိုက်တွန်းနေသည်။ အမှန်အတိုင်းပြောရလျှင် Long Feiye မှာ ကြာမြင့်စွာနေရန် မတတ်နိုင်ပေ။ စစ်သူကြီး၏စာကို ဖတ်ပြီးနောက် Han Yunxi ထံ မပြောပဲ တိတ်တဆိတ် မီးရှို့ပစ်လိုက်သည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...