အခန်း(၁၁၆၄)

240 26 0
                                    

အခန်း(၁၁၆၄)

မှားယွင်းသော၊ မသေနိုင်ခြင်း၏ ပဟေဠိ။








Gu Qishao ၏ မသေဆုံး၊ မအိုမင်းနိုင်သော ခန္ဓာကိုယ်မှာ မိခင်ဝမ်းတွင်းရှိစဥ် သောက်ခဲ့ရသည် ဆေးများမှ ရရှိလာသည့် သူ၏ထူးခြားသောသွေး၏ အကျိုးဆက်ဖြစ်ရမည်။ Han Yunxi မှာ Gu Yuntian မှ ဆေးစာရင်းကို Gu Qishao ထံ လွှဲပေးပြီး ပြောလိုက်သည်။ "သေချာကြည့်၊ ပြည့်စုံလား…ဆိုတာ။ တကယ်လို့ ရှင့်ရဲ့ခန္ဓာကိုယ်ကို ဖော်ထုတ်ချင်ရင် ဒီစာရင်းက အရေးကြီးလိမ့်မယ်။”

"အိုး…" Gu Qishao မှာ ပစ္စည်းကို နာခံစွာ လက်ခံလိုက်သည်။ 

" Long Feiye ၊ Xu Donglin ကို ထန်မျိုးနွယ်ဆီ နောက်ကျရင် စာတစ်စောင်ပို့ခိုင်းပေးပါ။  ဒါဆိုရင် လင်းအာက လာပြီး ကူညီပေးနိုင်လိမ့်မယ်။ " Han Yunxi မှာ ထပ်ပြောသည်။

Mu Linger မှာ ဉာဏ်ကြီးရှင် ဆေးဝါးပညာရှင်တစ်ဦးဖြစ်သောကြောင့် ပြီးပြည့်စုံသော အကူအညီဖြစ်ပေမည်။ Gu Qishao ၏ အရည်အချင်းမှာ နိမ့်ကျခြင်း မရှိသော်လည်း နောက်ထပ် လက်ထောက်တစ်ယောက် ထပ်ထည့်ခြင်းမှာ မထိခိုက်နိုင်ပေ။  Gu Qishao မှ လွတ်သွားသော အရာတစ်ခုကို Mu Linger မှ ဖမ်းမိကောင်း ဖမ်းမိနိုင်သည်။

Gu Qishao မှာ နှုတ်ခမ်းများကို သပ်ကာ ရယ်မောလိုက်သည်။ "အဲ့ကောင်မလေးကို ကြောက်အောင် မလုပ်ပဲထားရအောင်.. သူမ ငိုနေလိမ့်ဦးမယ်။"

Gu Qishao တွင် မသေနိုင်သော ခန္ဓာကိုယ်ရှိကြောင်း Mu Linger မှ မသိကြောင်း Han Yunxi မှ ရုတ်တရက် သတိရသွားတော့သည်။ သူမ တုံ့ဆိုင်းသွားတော့သည်…နောက်ဆုံးတွင်၊ ဤသည်မှာ Gu Qishao ၏ ကိုယ်ပိုင်လျှို့ဝှက်ချက်ဖြစ်သည်။ သူ့အတွက် အကျိုးရှိရင်တောင် သူ၏အခြေအနေကို သူမတွင် လူသိရှင်ကြား ထုတ်ပြောပိုင်ခွင့် မရှိပေ။ နောက်ဆုံးတော့ သူမ ပြောလိုက်သည်။ “ရှင့်ရဲ့ ရွေးချယ်မှုပဲ။"

"ချီရှောက်..  ဒီဆေးတွေကို အရင်လေ့လာကြည့်ရအောင်။ တကယ်လို့ ကျွန်တော်တို့ ဒါကို နားမလည်ရင် မိန်းကလေးလင်းအာကို ဖိတ်ခေါ်ဖို့ စဉ်းစားလို့ရတယ်။ အဲဒါ ဘယ်လိုလဲ။" Gu Beiyue မှာ ညှိနှိုင်းလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now