အခန်း(၁၀၄၈)
အစစ်အမှန် ထိတ်လန့်မှု။
ဘာလုပ်ရမလဲ။
သူမက စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး နှစ်ရက်အကြာအထိ သားဖွားဆရာမများ မရောက်နိုင်သေးကြောင်း အတည်ပြုခဲ့သည်။ ဘာလို့ အခု စစ်ဆေးရေးမှူးတွေ နဲ့ ဒီကို ရောက်လာတာလဲ!!! ထိုစစ်သားများအား မွေးခန်းထဲသို့ ခွင့်မပြုသည့်အတွက် သူတို့က အမှန်တရားကို ရှာတွေ့မည်အား သူမ စိတ်မပူပေ။ သို့တိုင် သားဖွားဆရာမများမှာ သေချာပေါက် ဝင်ခွင့်ပေးရန် တောင်းဆိုလိမ့်မည်။ ဤအချိန်တွင် တစ်ခုခုကို ဘယ်လို ဖုံးကွယ်ထားသင့်လဲ။ Ning Jing မှ အချိန်မီ မီးဖွားခဲ့ရင်လျှင်တောင် ပြန်သက်သာလာစေရန် ရက်အနည်းငယ် ဆေးသောက်ရန် လိုအပ်သေးသည်။ သားဖွားဆရာမများမှာ ယခုကလေးမွေးဖွားသူမှာ သူမ ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် ပြောပြနိုင်လိမ့်မည် ။
Long Feiye နှင့် Han Yunxi တို့၏ မြောက်ဘက်သို့ ခရီးအား နှောင့်နှေးမည့် သတင်းရပြီးတည်းက Bai Yuqiao နှင့် Mu Linger တို့မှာ အကာအကွယ်အမျိုးမျိုးအတွက် ဦးနှောက်ပေါက်ကွဲမတတ် စဥ်းစားခဲ့ကြသည်။ Ning Jing ၏ ကြီးထွားလာနေသော ဗိုက်ကို မည်မျှကောင်းစွာ ဖုံးကွယ်ထားပါစေ မီးဖွားပြီးချိန်တွင် သူမ၏ ကိုယ်လုံးကိုယ်ပေါက်နှင့် အသားအရည်မှာ ပြောင်းလဲသွားနိုင်သည်။ သူတို့က အမျိုးသားများအပေါ် ကွဲပြားမှုများကို ဖုံးကွယ်ထားနိုင်သော်လည်း အတွေ့အကြုံရှိသော အမျိုးသမီးများ၊ အထူးသဖြင့် သားဖွားဆရာမများ အပေါ် ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် Mu Linger မှ မီးဖွားပြီးနောက် Ning Jing အတွက် သူမ၏ ခန္ဓာကိုယ်တွင်းရှိ ကိုယ်ဝန် လက္ခဏာများအားလုံးကို ဖယ်ရှားရန် အံ့ဖွယ်နည်းဖြင့် ဆေးညွှန်းကို ဖန်တီးခဲ့သည်။
Bai Yuqiao မှာ သူတို့တွင် Mu Linger ကဲ့သို့ ထက်မြက်သော ဆေးဝါးပညာရှင်တစ်ဦးရှိနေသည့်အတွက် ဝမ်းမြောက်နေမိသည်။ ကိစ္စအားလုံးမှာ ချောချောမွေ့မွေ့ လည်ပတ်နေသော်လည်း ယခုအချိန်တွင် ဘေးဒုက္ခ ရောက်လာမည်မှန်း ဘယ်သူသိမလဲ။သူမ တည်ငြိမ်မှု ဆုံးရှုံးလိုက်ရ တော့သည်...
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...