အခန်း(၁၀၀၅)

287 32 8
                                    

အခန်း(၁၀၀၅)

Bai Shanqing ဟုခေါ်သော လူတစ်ယောက်။








Long Feiye မှာ သူ၏ စကားအား မယုံကြည်မီ ထိုလူ၏ သွေးခုန်နှုန်းအား ဂရုတစိုက် စစ်ဆေးလိုက်သည်။ အံ့အားသင့်မှုထက် ကျော်လွန်ကာ အနည်းငယ်ပင် တောင့်တင်းသွားခဲ့သည်။ သူက ဓားပညာကို သင်ယူနေစဉ်တွင် ဆရာမှာ မိစ္ဆာဂိုဏ်း၏ ဓားပညာနှင့် အတွင်းအားကျင့်စဥ် နည်းလမ်းများအား ရံဖန်ရံခါ ပြောခဲ့သည်။ သူက ပြောခဲ့သည်မှာ သူတို့၏ အလျင်စလို လမ်းကြောင်းများကြောင့် ဆိုးရွားသော အဆုံးသတ်သို့ ရောက်သွားစေမည့် မှားယွင်းသော နည်းလမ်းများဟု ပြောခဲ့သည်။ သူတို့၏ အတွင်းကျင့်စဥ်အား မိစ္ဆာဓားနှလုံးသား ကျင့်စဥ်ဟု ခေါ်ဆိုကြောင်းသာ သိခဲ့ပြီး လေ့ကျင့်သူမှာ အဆင့်တစ်ခုသို့ ရောက်ရှိပြီးနောက် နောက်ဆုံးတွင် တန်ပြန်မှုတစ်ခုဆီသို့ ဦးတည်သွားလိမ့်မည်။

သူက ကျင့်စဥ်၏ အကြောင်းအရာများနှင့် ကျန်အရာများအား စိတ်မဝင်စားသော်လည်း ယခုတွင် သူတို့၏ ကျွမ်းကျင်မှုမှာ ကောင်းကင်ယံတောင်ဓားဂိုဏ်း၏ နိဗ္ဗာန နှလုံးသားကျင့်စဥ်ထက် နိမ့်ကျခြင်း မရှိပေ။သွေဖယ်သွားခဲ့ခြင်းအတွက် မဟုတ်လျှင် လက်တစ်ဖက်အမျိုးသား၏ ဓားကျွမ်းကျင်မှုမှာ ပို၍ ကောင်းမွန်လာနိုင်သည်။ သူတို့က တစ်ဘက်နှင့်တစ်ဘက် စိန်ခေါ်ရန်ပင် တန်းတူဖြစ်နိုင်သည်။ တစ်နည်းဆိုရသော်၊ မိစ္ဆာဓါးဂိုဏ်း၏ ပျက်စီးစေသော အလေ့အကျင့်များမှာ လေ့ကျင့်သူမှ သင့်တော်သော ရတနာဓားတစ်လက်အား တွေ့ရှိနိုင်သရွေ့ တုံ့ပြန်ခံရမည် မဟုတ်ပေ။ ထို့နောက် ကောင်းကင်ယံ တောင်ဓားဂိုဏ်း၏ နိဗ္ဗာနနှလုံးသားကျင့်စဥ်ကိုပင် ကျော်လွန်နိုင်သည်။

လက်တစ်ဖက်အမျိုးသားတွင် ထူးခြားသောဓားစွမ်းရည်ရှိသောကြောင့် သူ့အား ကူညီရန် မော့ရှဲ့ ဓားဝိဥာဥ်အား လိုအပ် နေသည်။ မိစ္ဆာဓါးဂိုဏ်း၏အခြားတပည့်များမှာ အင်အားနည်းသော ဓါးတစ်ချောင်းဖြင့် လုပ်ဆောင်နိုင်လောက်သည်။ ကမ္ဘာပေါ်တွင် ရတနာဓား အများအပြား ရှိသော်လည်း အခြားဓား များစွာမှာလည်း တည်ရှိနေသေးသည်။ မှန်ကန်စွာ သွန်းလုပ်ထားသော ပစ္စည်းများဖြင့် ပန်းပဲဆရာမှာ ဓားကောင်းတစ်လက် ဖန်တီးနိုင်သည်။ Long Feiye ၏ ရမက်ဝါးမြိုခြင်း စွမ်းအင်မှာ ဂိုဏ်းပေါင်းစုံ၏ လေ့ကျင့်မှုနည်းလမ်းများထက် များစွာပိုမိုအားကောင်းသော်လည်း လူတစ်ဦးတည်းသည် ကိုယ်ခံပညာလောကတစ်ခုလုံးအား အကာအကွယ်ပေးနိုင်စွမ်းမရှိပေ။ လူတစ်ယောက်မှာ ကျန်းဟူ တစ်ခုလုံးဖြင့်လည်း မညီမျှနိုင်ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now