အခန်း(၁၁၀၂)

217 27 2
                                    

အခန်း(၁၁၀၂)

အအသေးစိတ်တစ်ချက်အား မေ့လျော့သွားခြင်း။








Gu Qishao မှာ အသံအားနိမ့်ကာ Long Feiye ထံ မေးမြန်းလိုက်သည်။"ဟေ့ မင်းက ဒီလိုမျိုး ခြိမ်းခြောက်ခံရဖူးလား။"

Long Feiye မှာ သူ့ကို ဘယ်လိုဖြေနိုင်မည်လဲ။သူက သာမန်မေးခွန်းတွေကိုတောင် ဖြေလေ့ မရှိချေ။ ထိုသို့ ရိုက်နှက်ရန် မေးခွန်းများအား ပို၍ ဖြေမည် မဟုတ်ပေ။ သူက Gu Qishao ကို လေကဲ့သို့ ရိုးရိုးရှင်းရှင်းသာ ဆက်ဆံနေသည်။ 

"ဒါဆို မင်း တိတ်တိတ်လေး ဝန်ခံလိုက်တာလား။" Gu Qishao မှာ ပြုံးလိုက်သည်။

Gu Qishao မှာ Long Feiye အား စကားပြောစေရန် နည်းလမ်းများ ရှိသည်ဟု ဆိုရမည်။ သို့သော် သူ၏အသံကို လျှော့မည့်အစား Long Feiye မှာ အေးစိမ့်သောလေသံဖြင့် သတိပေးလိုက်သည်။ "တကယ်လို့ မင်းက သင်းကွပ် ခံချင်ရင် ဒီအိမ်ရှေ့စံက အားလုံးပြီးရင် မင်းကို ကူညီပေးမယ်။"

Han Yunxi မှာ Bai Yanqing ကို အော်ဟစ်ဆဲဖြစ်သောကြောင့် မကြားလိုက်သော်လည်း Gu Beiyue မှာ စကားလုံးတိုင်းကို ကြားမိကာ အားကိုးရာမဲ့ ပြုံးလိုက်တော့သည်။ ဒီလိုအချိန်မျိုးမှာတောင် နှစ်ယောက်သားက ငြင်းခုန်နေကြတုန်းပဲ။မင်းသမီးအပြင်၊ Gu Qishao ကပဲ အရှင့်သားကို  စကားနှစ်ခွန်း သုံးခွန်းနဲ့ စိတ်ဆိုးစေနိုင်တဲ့ ကမ္ဘာပေါ်မှာ တစ်ဦးတည်းသောပုဂ္ဂိုလ်ဖြစ်နိုင်တယ်။

Gu Qishao မှ ပြန်မဖြေနိုင်ခင် Han Yunxi မှာ ရုတ်တရက် သတိပေးလိုက်သည်။ "သတိထား.. အဆိပ်တွေ နီးလာတယ်။"

တစ်ချိန်တည်းမှာပင် နံရံအပြင်ဘက်မှ ပုံရိပ်တစ်ခုပေါ်လာပြီး လေထဲသို့ ပျံတက်သွားသည်။ ကျွမ်းပစ်ကာ ထိုသူမှာ ဓားတစ်ချောင်းကို ထုတ်ယူလိုက်ပြီး သူတို့၏ ခေါင်းသို့ ဓားဖြင့်ထိုးလိုက်သည်။ တိုက်ခိုက်သူမှာ အနက်ရောင်နှင့် မျက်နှာဖုံးတပ်ထားသည့် အမျိုးသားဖြစ်ကြောင်း သူတို့ပြောနိုင်သည်။ သူ၏ အသက်ကို ခန့်မှန်းရန် မဖြစ်နိုင်ပေ။ 

အနက်ရောင် မျက်နှာဖုံးစွပ်ထားသော အမျိုးသားတွင် အလွန်လျင်မြန်သော ဓားတစ်လက်ရှိပြီး ကောင်းကင်ယံတောင်ဓါးဂိုဏ်း၏ ဓါးရေး အသုံးပြုနေသည်။ သူ၏ တိုက်ပွဲစွမ်းရည်မှာ အထင်ကြီးစရာပင်။ အဖွဲ့မှ သူ၏ အထောက်အထားကို မေးမြန်းချိန်တွင် သူက တုံ့ပြန်မှု မရှိခဲ့ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now