အခန်း(၁၁၃၉)

263 25 4
                                    

အခန်း(၁၁၃၉)

ပိုင်ယန်ချင်း… ခင်များ တောင်းပန်မှာလား။






ဘုန်း.....

ခဏအတွင်း Bai Yanqing မှာ ဧရာမကျောက်တုံးကြီးအောက်တွင် ဖိခံလိုက်ရတော့သည်။ Han Yunxi၊ Long Feiye၊ Gu Beiyue နှင့် Gu Qishao တို့မှာ ကျောက်တုံး၏ထိပ်တွင် ရပ်နေကြသည်။ သူတို့၏ အလေးချိန်များ ထပ်တိုးခြင်းမရှိလျှင်ပင် Bai Yanqing မှာ​​ကျောက်တုံးကြီးကို သူ၏အတွင်းအားဖြင့် တွန်းဖယ်ရန် မဖြစ်နိုင်ပေ။ ဤချောက်ကမ်းပါးကို 3-D မြေပုံပေါ်တွင် တွေ့ခဲ့ကြသော်လည်း Han Yunxi တို့အဖွဲ့မှာ မတတ်သာပဲ သက်ပြင်းရှူလိုက်မိသည်။ ဤသတ္တုချောက်ကမ်းပါးမှာ လှံထက်ပင်ကြီးမားသည့် ချွန်ထက်သောမြှားများဖြင့် စီတန်းထားသော ကျောက်ဂူကြီးတစ်ခုသာ ဖြစ်သည်။ ထို့အပြင်၊ ၎င်းတို့၏ ထိပ်တိုင်းတွင် အဆိပ်ဖြင့် သုတ်လိမ်းထားသည်။ 

ဤနေရာမှာ ချွန်ထက်သောပင်လယ်တစ်စင်းထက် မပိုပေ။

"ကျစ်… ကျစ်.. တကယ်လို့ ငါတို့ ပြုတ်ကျရင် သေမှာ သေချာတယ်။" Gu Qishao မှာ ခံစားချက်များဖြင့် သက်ပြင်းချလိုက်သည်။

"ကျွန်တော်ရဲ့အရှိန်နဲ့တောင် မလွတ်နိုင်လောက်ဘူး။" Gu Beiyue မှာ နိမ့်ချနေခြင်း မဟုတ်ပဲ အမှန်အတိုင်း ပြောလိုက်ခြင်းပင်။ ချောက်ကမ်းပါးမှာ အတော်လေးနက်ပြီး ကျောက်တုံးကြီးမှာ ခဏချင်း ပြုတ်ကျလာသည်။ 

ကျောက်တုံးထိပ်နှင့် အခြားတစ်ဖက်ကြား အကွာအဝေးရှိသဖြင့် Bai Yanqing မှာ သူတို့ပြောနေသည်ကို မကြားနိုင်ပေ။ လက်ရှိတွင် တစ်ဖက်မှာ ဖိကြိတ်ခံထားပြီး နောက်တစ်ဖက်တွင် ထိုးဖောက်ခံထားရသည်။ ဝေဒနာကို မခံစားရဟု ပြောလျှင် လိမ်နေခြင်းပင်။ အကယ်၍ သူ၏ မသေနိုင်သော ခန္ဓာကိုယ်အတွက် မဟုတ်လျှင် ကျောက်တုံးကြီး၏ အလေးချိန်မှာ သူ့ကို တစ်စစီ ကြိတ်ချေသွားလိမ့်မည်။ ထို့အပြင်၊ ယခုအချိန်တွင် အနည်းဆုံး မြှား၂၀ မှာ သူ့အား ထိုးဖောက်နေသည်။

သူ နာတယ်…

ဤဘဝတွင် သူက ဤမျှလောက် ခံစားရသည်မှာ ပထမဆုံး အကြိမ်ပင်။ သူ၏တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေကာ အေးစက်နေသည့် ချွေးများ ထွက်လာသည်။ သေရန်ပင် ဆုတောင်းမိသည်။ သို့တိုင် အတွေးမှာ လျင်မြန်စွာ လွင့်ပျံသွားသည်။ Mu Xin မှ သူ့ကို ထားသွားကတည်းက သူ၏ တစ်ခုတည်းသော ဆန္ဒမှာ မျှတမှု ရရန်ပင်။ ယခု သူက ဘယ်လိုသေနိုင်မလဲ။သူက ကောင်းကောင်းနေထိုင်ပြီး ဘယ်သူမှန်တယ်၊ သူ သို့မဟုတ် Mu Xin လားဆိုသည်အား ကြည့်ရမည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now