အခန်း(၁၀၅၆)
အဆိပ်၊ ရှင်သောက်မလား။
Long Feiye မှာ Chu Xifeng ၏လက်မောင်းမှ ဆွဲလိုက်သည်နှင့် Chu Xifeng မှာ တစ်ကိုယ်လုံး တောင့်တင်းသွားတော့သည်။
"သက်တောင့်သက်သာနေလေ.." Han Yunxi မှ ပြောလိုက်သည်။
သို့သော် Chu Xifeng မှာ လုံးဝမသက်သာနိုင်ပေ။သူ၏ တင်းမာမှုကို ခံစားမိလျှင် Long Feiye မှာ မတ်တပ်ထရပ်ပြီး Xu Donglin အား အေးစက်စွာပြောလိုက်သည်။ "Xu Donglin ၊ မင်း ကူညီပေးလိုက်…”
Xu Donglin ၏ မျက်လုံးများမှာ နီရဲနေသော်လည်း ခေါင်းဆောင်၏ အမိန့်ကို နားထောင်ပြီး မငိုချေ။ သို့တိုင် သူ၏ မျက်လုံးထောင့်များတွင် မျက်ရည်စက်များ ရစ်ဝဲသည်။ ကိုယ်ပိုင်သဘောထားဖြင့် မင်းသမီးကို အရိုအသေတန်ခဲ့သော်လည်း ခေါင်းဆောင်ချူမှာ သူက အမြဲတစေ လေးစားရသူတစ်ယောက်ပင်။ အမှန်တော့ ထိုအမျိုးသားအား သူ၏ အစ်ကိုကြီးအဖြစ် မြင်ထားခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူက ဤတစ်ကြိမ်တွင် သူ၏သခင်များဖြင့် တောင်ထိပ်သို့ လိုက်လာရခြင်းအတွက် တိတ်တဆိတ်ပင် ပျော်ရွှင်နေခဲ့သည်။ အကြောင်းမှာ သူက ခေါင်းဆောင်ချူဖြင့် သေချာပေါက် တွေ့နိုင်မည်ဖြစ်သောကြောင့်ပင်။မင်းသမီးကို တောင်းပန်ကာ ခွင့်လွှတ်ပေးရန် သူက ကြိုးစားကာ နည်းလမ်းရှာနေခဲ့သည်။
မင်းသမီးမှ သူ့ကို ခွင့်လွှတ်သရွေ့တော့ အရှင့်သားမှာ ထပ်မံ ကန့်ကွက်နေဦးမည် မဟုတ်တော့ပေ။ နောင်တွင် ခေါင်းဆောင်ချူမှာ အရိပ်အစောင့်များထဲမှ တစ်ဦးအဖြစ် ရှိနေနိုင်ဦးမည်။ သူ၏ ကိုယ်ခံပညာမရှိ တော့သည့်တိုင် အရှင့်သား၏ နောက်မှ ကြာမြင့်စွာ လိုက်ခဲ့ပြီးနောက် သူတို့အားလုံးထက် ပိုသိသည်။ခေါင်းဆောင်ချူမှာ သူတို့ကို ယခင်ကဲ့သို့ ဦးဆောင်နိုင်သေးသည်။
သို့ရာတွင် သူက ဤမျှလောက်ထိ ဒဏ်ရာရနေမှန်း ဘယ်သူသိမည်လဲ။
Han Yunxi မှာ Chu Xifeng ကို အသေအချာ စစ်ဆေးပြီးနောက် ကြေငြာလိုက်သည်။ “သူ့ခြေထောက်နှစ်ဘက်စလုံး ကျိုးနေပြီး ခြေသလုံးအောက်ပိုင်းမှာ အဆစ်လွဲနေတာ။ ကုသဖို့ အရမ်းကြာနေပြီဖြစ်လို့ ကယ်တင်ဖို့ အခွင့်အရေးရှိမရှိဆိုတာ Gu Beiyue ကို မေးဖို့ လိုတယ်။”
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...