အခန်း(၁၁၅၉)

261 35 2
                                    

အခန်း(၁၁၅၉)

မင်းတစ်ယောက်တည်းသာ….








“ငါ့ ဆရာရဲ့ ဂိုဏ်းကိုယ်စား ကပ်ဆိုးကို ဖယ်ရှားဖို့လား…"

နောက်တစ်မျိုးဆို Han Yunxi က ကောင်းကင်ယံတောင်ဓါးဂိုဏ်းကို သူမရဲ့ ဆရာဂိုဏ်းလို့ ပြောနေတာလား။

"Han  Yunxi နင်ဘယ်တုန်းက ကောင်းကင်ယံဓားဂိုဏ်းရဲ့ တပည့်ဖြစ်သွားတာလဲ။" Duanmu Yao မှာ သံသယများဖြင့် မေးလိုက်သည်။

Han  Yunxi မှာ သူမထံ ဓားဖြင့်သာ ရွယ်လိုက်သည်။ "နင်သိဖို့ မလိုဘူး။"

Duanmu Yao မှာ လှောင်ပြောင်နေဟန် ပြောင်းသွားတော့သည်။  "ဘာလဲ… နင်က Long Feiye နဲ့ စုံတွဲကျင့်ကြံနိုင်တာနဲ့ တပည့်တစ်ယောက်လို့ ထင်နေတာလား။ နင့်ရဲ့ အတွင်းအား စွမ်းရည်တွေကို သူက သင်ပေးခဲ့တာ ငါက သေချာတယ် ဟုတ်တယ်မလား။" 

သူမ ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "Han Yunxi.. ဒီလိုဆိုရင် Long Feiye က နင့်ရဲ့ ဆရာပဲ။ ဟားဟားဟား၊ ဒီမင်းသမီးက Long Feiye ရဲ့ တစ်ဦးတည်းသော ဆရာတူ ညီမဖြစ်ပြီး နင့်ရဲ့ တစ်ဦးတည်းသော ဆရာတူအဒေါ်ပဲ။ ဟားဟားဟား….” Duanmu Yao မှာ ရွှင်မြူးစွာ အော်ဟစ်နေသည်။ အရာအားလုံးကို ဆုံးရှုံးခဲ့ရသည်ဟု ထင်ခဲ့သော်လည်း အဆင့်အတန်းအရ အောင်နိုင်ဆဲပင်။

"ဟားဟား၊ Han  Yunxi ဒီမင်းသမီးက နင့်ထက်အဆင့်အတန်းမြင့်တယ်။ ငါက Long Feiye နဲ့ တစ်တန်းတည်းပဲ။ နင့်ဆရာရဲ့ဂိုဏ်းအတွက် ကပ်ဆိုးကို ဖယ်ရှားချင်တာလား။ ဒါဆို ငါ့ဆီလာခဲ့လိုက်လေ…" Duanmu Yao မှာ သေရမည်ကို ဂရုမစိုက်နိုင်ပဲ ပျော်နေလေသည်။ 

Han  Yunxi မှာ သူမ၏ဗိုက်ကို ညင်သာစွာ ပွတ်သပ်ရင်း Duanmu Yao မှ ပြီးဆုံးရန် တည်ငြိမ်စွာ စောင့်နေသည်။ Duanmu Yao မှာ နောက်ဆုံးတွင် တစ်စုံတစ်ရာလွဲချော်နေသည်ကို ခံစားလိုက်ရပြီး ရပ်တန့်သွားသည်။ သူမ အနည်းငယ် ထိတ်လန့်သွားသလို ခံစားလိုက်ရကာ မေးခွန်းထုတ်လိုက်သည်။ "Han Yunxi၊ ဒီမင်းသမီးပြောတာမှားနေတာလား။"

အမှန်တွင် Han Yunxi မှာ Duanmu Yao ကို ယခုအချိန်တွင် အရူးတစ်ယောက်နှင့် မကွာခြားပဲ မြင်နေရသည်။ သူမ အဖြေမပေးပဲ နှုတ်ခမ်းကို ကွေးကာ ပြုံးလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း Duanmu Yao မှာ ထိတ်လန့်စပြုလာသည်။ "Han Yunxi နင်က ဘာအတွက် ပြုံးနေတာလဲ။ ဒီမင်းသမီးက ပြောတာမှားသလား။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now