အခန်း(၁၀၉၅)
ငါ့ကို ကြင်ကြင်နာနာ ဆက်ဆံဖို့ ဘယ်တုန်းကမှ သူမကို ဖိအားမပေးခဲ့ဘူး။
Jin Zi မှ Ning Cheng ကိုသွားကြည့်သည်နှင့် တစ်ချိန်တည်း Mu Linger မှာ ထိုအမျိုးသား၏အခန်းထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူတို့ ဤအိမ်မှာ အခြေချပြီးကတည်းက Mu Linger မှာ သူ့ကို ရှောင်နေခဲ့သည်။ Jin Zi မှာ အရိပ်အစောင့်များ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေသောကြောင့် အနည်းနှင့်အများ နေအိမ်အကျယ်ချုပ် ကျခံ နေရသည်။ သို့သော် သူက သူမနှင့်တွေ့ရန်လည်း မတောင်းဆိုခဲ့ပေ။
ယခုတော့ သူတို့ အချင်းချင်း တိုးမိကြလျှင် Mu Linger ၏ ပထမဆုံး တုံ့ပြန်မှုမှာ သူမ၏ မျက်လုံးများကို အကြည့်လွှဲလိုက်ခြင်းပင်။ သူမ ဘာကို အပြစ်ရှိကြောင်း ခံစားနေရမှန်း ကိုယ်တိုင်လည်း မသိချေ။ သူမ ပေးထားသော ကတိကို မတည်နိုင်သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ သူမက ဘေးမှ ထွက်ပြေးလာစဥ် Jin Zi ၏အကြည့်များမှာ သူမ၏ နောက်မှ တိတ်ဆိတ်စွာ လိုက်လာနေသည် ။ Jin Zi မှ တံခါးကိုခေါက်ရန် ရှေ့တိုးကာ သူမက သူ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားချိန် အထိပင်။
အေးစက်သောလေသံဖြင့် သူက ကြေငြာလိုက်သည်။ "Ning Cheng ငါ ရောက်နေပြီ။"
"အထဲဝင်ခဲ့… " Ning Cheng မှာ လေးလံသော အသံဖြင့် ပြောလိုက်သည်။
Jin Zi မှ ဝင်လာချိန်တွင်အရိပ်အစောင့်များမှာ တံခါးတွင် ရပ်စောင့်နေသည်။ Ning Cheng မှာ အိပ်ယာပေါ်တွင် လဲလျောင်းမနေပဲ ဘေးနားရှိ ဝါးထိုင်ခုံရှည်ကြီးပေါ်တွင် ထိုင်နေသည်ကို သူက မြင်လိုက်ရသည်။Jin Zi မှာ လမ်းလျှောက်သွားကာ သူ့အား စမ်းစစ်ရင်း အေးစက်စွာ ပြုံးပြလိုက်သည်။ "မင်းဘဝက ဒီလောက်ခက်ခဲမယ်လို့ မထင်ခဲ့ဘူး။"
“ထိုင်ပါဦး။” Ning Cheng မှ ပြောလိုက်သည်။
Jin Zi မှာ ထိုင်လိုက်သည်။ မြောက်ပိုင်းလီတွင် ဓားစာခံအဖြစ် ရှိနေချိန်တွင် သူနှင့် Ning Cheng မှာ စကားပြောရန် အခွင့်အရေး အနည်းဆုံးပင်။သို့သော် Jun Yixie မှာလည်း များစွာ မပြောဖူးကြောင်း ထိုအမျိုးသား၏မျက်လုံးများမှ ရိပ်မိနိုင်သည်။သူနှင့် Ning Cheng မှာ နာမည်အရ သခင်နှင့်အစေခံ ဖြစ်ရုံသာမက အနှစ်နှစ်ဆယ်ကျော်ကြာအောင် မိတ်ဆွေများ ဖြစ်ခဲ့သည်။ အသေအချာပင် ရန်သူများလည်း ဖြစ်နေခဲ့သည်။ Jin Zi မှာ သုံးလမ်းသွားမှောင်ခိုဈေး၏ လောင်းကစားခန်းမများမှ လုပ်ငန်းကို အသုံးချကာ မှောင်ခိုဈေးကွက် ပုဂ္ဂလိကဘဏ်တစ်ခု ဖွင့်လှစ်ခဲ့သည်။ သူက သူ၏ အာမခံစာချုပ်ကို ပြန်လည်ဝယ်ယူရန် ငွေအလုံအလောက် ရှာဖွေနိုင်ခဲ့ပြီး ကာလပေါက်ဈေးထက် အဆပေါင်းရာနှင့်ချီ၍ ဈေးများပေးခဲ့သည်။သို့ရာတွင် Ning Cheng မှာ ရောင်းရန် ငြင်းဆန်ခဲ့သည်။ ဤကိစ္စနှင့် ပတ်သက်၍ သူနှင့် ထိုအမျိုးသားမှာ ခြွင်းချက်မရှိ ရန်သူပင်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...