အခန်း(၁၀၇၁)

254 27 2
                                    

အခန်း(၁၀၇၁)

အများဆုံး အကောင်းနဲ့အဆိုး ပျက်စီးခြင်းက အတူတူပဲ။







Han Yunxi မှာ ဆရာကြီး Jianxin နှင့် အဘွားယူအား ပြောလိုက်သည်။ " ကောင်းကင်ယံတောင်ဓါးဂိုဏ်းရဲ့ စီမံခန့်ခွဲမှုနဲ့ ရာထူးတိုးတဲ့ နည်းလမ်းတွေက တင်းကျပ်ပြီး တရားမျှတမှု မရှိဘူး။ ကောင်းမွန်တဲ့အုပ်ချုပ်ရေးကို ခွဲခြားဆက်ဆံရုံမဟုတ်ပဲ အကျင့်ပျက်ခြစားမှုကိုလည်း ပေါက်ဖွားစေပြီး ဂိုဏ်းခွဲတွေ ဖြစ်လာစေတယ်။ ကျွန်မမြင်တဲ့အတိုင်းဆိုရင် ဂိုဏ်းခေါင်းဆောင်က ခြံဝန်းတွေနဲ့ ထိန်းသိမ်းရေးအဆောင်နှစ်ခုက တပည့်တွေ လက်ခံတဲ့ စည်းမျဥ်းနဲ့ ထိန်းသိမ်းရေးအဆောင် ၅၅ ခုကို ဖျက်သိမ်းဖို့ ဒီအခွင့်အရေးကို အသုံးပြုသင့်တယ်။”

စီမံခန့်ခွဲမှုကို ဘယ်တော့မှ စိတ်မ၀င်စားခဲ့သော ဂုဏ်ထူးဆောင်အကြီးအကဲ နှစ်ဦးတောင်မှ သူမ၏ ပြောဆိုချက်ကြောင့် ကြည့်ရှုလာသည်။ ထိန်းသိမ်းရေးအဆောင် ၅၅ ခု ၊ ခြံဝန်းနှစ်ခု၊ ပင်မ ထိန်းသိမ်းရေးအဆောင် နှစ်ခုမှာ  ရှေးခေတ်ကတည်းက ကောင်းကင်ယံတောင်ဓါးဂိုဏ်း၏ စံတစ်ခုဖြစ်သည်။ ဂိုဏ်းဝင်လိုသူတိုင်းမှာ တောင်ထိပ်ရှိ အထက်တန်း အဖွဲ့လေးခုတွင် နေရာတစ်နေရာ ရရှိရန်နှင့် နှလုံးသားပိတ်လှောင်မှုခြံဝန်း တွင် နိဗ္ဗာန နှလုံးသားကျင့်စဥ် ကို လေ့လာရရှိရန် အဆင့်သတ်မှတ်ချက် ပြိုင်ပွဲများ ယှဉ်ပြိုင်ခြင်း မပြုမီ အောက်ထိန်းသိမ်းရေးအဆောင် ၅၅ ခု မှ ဆရာတစ်ဦး ဦးစွာယူရမည်ဖြစ်သည်။ ပြီးမှသာ သူတို့၏ နောက်ထပ် ဆရာတစ်ယောက် တရားဝင် ယူနိုင်မည်။

ဤဓလေ့သည် ရာစုနှစ်များစွာကြာအောင် တည်ရှိနေခဲ့သောကြောင့် စိတ်ဆန္ဒအရ မည်သို့ပြောင်းလဲနိုင်မည်နည်း။ အကြီးအကဲများ၏ အကျည်းတန်သောအမူအရာများကိုမြင်လျှင် Han Yunxi မှာ အေးစက်စွာပြောလိုက်သည်။ "ရှေးခေတ် ဓလေ့ထုံးတမ်းတွေကို မပြောင်းလဲသင့်ပေမယ့် လူ့တွေရဲ့ နှလုံးသားတွေက အရင်တုန်းကလို မဟုတ်တော့ဘူး။ ပိုကောင်းတဲ့စနစ်ရှိရင် ဘာလို့မပြောင်းမှာလဲ။”

ဆရာကြီး Jianxin မှာ Long Feiye ကို လှမ်းကြည့်လျှင် သူက နှောက်ယှက်ရန် စိတ်ကူးမရှိပဲ ရိုးရိုးရှင်းရှင်း လက်ဖက်ရည် သောက်နေလေသည်။ဆရာကြီး Jianxin မှာ သူ၏ တပည့်ကို ကောင်းစွာသိနေသည်။ Han Yunxi ၏တောင်းဆိုချက်ကို ယခုအချိန်တွင် သဘောမတူလျှင်လည်း မည်သို့ပင်ဖြစ်စေ Long Feiye မှ တာဝန်ယူသည့်အခါတွင် သူမ၏စကားကို နားထောင်မည်ပင်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now