အခန်း(၁၁၅၃)

307 29 0
                                    

အခန်း(၁၁၅၃)

ဆွေမျိုးကို ဘက်လိုက်ခြင်း။






Long Feiye ၏အဖွဲ့မှာ ဝင်္ကပါမှ ထွက်ခွာသွားချိန်တွင် Han Chen မှာ အရိုးများစင်မြင့်ပေါ်တွင် ရပ်နေကာ အနက်ဝတ် လက်အောက်ငယ်သားတစ်ဦးမှာ မီးလောင်ထားရာနေရာသို့ ဆေးလိမ်းနိုင်စေရန် သူ၏ လက်မောင်းကို ဆန့်တန်းထားလိုက်သည်။ ၎င်းမှာ Ning Jing ကို ကယ်တင်ခဲ့စဥ်မှ ဒဏ်ရာတစ်ခုပင်။

"သခင်ကြီး… အဲ့ဒီလူကို စောစောတည်းက ကယ်နိုင်တယ်မလား။ ချောက်ကမ်းပါးပေါ်က ပြုတ်ကျတဲ့အထိ ဘာလို့ စောင့်နေရတာလဲ။” သူ၏ လက်အောက်ငယ်သား တစ်ယောက်မှ မေးလိုက်သည်။သူက Han Chen မှ စကားပြောရန် စိတ်အနှောင့်အယှက်ဖြစ်ခံသည့် လူအနည်းငယ်ထဲမှ တစ်ဦးပင်။ ကျန်သည့် လက်အောက်ငယ်သားများမှာ အမိန့်လက်ခံရုံသာ ဖြစ်ပြီး တစ်နှစ်တွင် သူနှင့် စကားတစ်ခွန်းပင် ဖလှယ်ရန် ခက်ခဲလှသည်။

“အဲဒီကလေးမလေးက ပျိုးပင်ကောင်းလေးပဲ။ ငါ သူ့ကို ရိုးရိုးရှင်းရှင်း စမ်းသပ်ကြည့်တာ..” Han Chen မှာ သူ၏ ရှေ့မှ အမှောင်ထုကို စိုက်ကြည့်နေသည်။အရင်းနှီးဆုံး လက်အောက်ငယ်သားနှင့် စကားပြောသည့်အချိန်တွင်ပင် သူက အေးစက်သောအမူအရာအား ထိန်းသိမ်းထားသည်။ တင်းကျပ်ခြင်း သို့မဟုတ် အေးစက်ခြင်းမဟုတ်သော်လည်း ရိုးရှင်းသော လျစ်လျူရှုမှု၊ စိတ်ခံစားမှုကင်းစင်သော ရေခဲပင်။ သူ့တွင် လိုချင်တပ်မက်မှုများ မရှိပေ။

ဝံပုလွေဂိုဏ်းကို တာဝန်ယူရန် ထားခဲ့သည့် သမီးဖြစ်သူ Han Xiang မှာပင် ရိုးရှင်းစွာ မွေးစားထားခြင်းပင်။သူ့အပြင် ဤလျှို့ဝှက်ချက်မှာ လက်အောက်ငယ်သားဟောင်းများသာ သိထားသည်။သူက ဇနီး မယူရသေးသော်လည်း အတွင်းရော အပြင် “သိထားကြသည်" မှာ သမီးဖြစ်သူ၏ အမေမှာ စောစီးစွာ ဆုံးပါးသွားခဲ့သည်။ လက်ရှိအချိန်တွင် ဝံပုလွေဂိုဏ်း၏ ဘိုးဘွားခန်းမတွင် လက်အောက်ငယ်သားဟောင်းများမှ ဖန်တီးထားသော ထိုအမျိုးသမီးအတွက် ရည်စူးထားသည့် အောက်မေ့ဖွယ် ကဗျည်းတိုင်တစ်ခုပင် ရှိနေလေသည်။

တစ်ခုတည်းသော အကြောင်းအရင်းမှာ သူက အမျိုးသမီးများကို လုံးဝ စိတ်မဝင်စားသောကြောင့်ပင်။ သူ၏ တစ်ခုတည်းသော ဝါသနာမှာ ကိုယ်ခံပညာဖြစ်၍ ကြုံရာကျပန်း အမျိုးသမီးတစ်ယောက်ကို အိမ်တွင်း၌ မထားချင်ပေ။ သားတစ်ယောက်အစား သမီးတစ်ယောက်မွေးစားရန် ရွေးချယ်ရသည့် အကြောင်းအရင်းမှာမူ သူ၏ အရန်အစီအစဉ်အတွက်ပင်။အကယ်၍ မိန်းကလေးမှာ အရည်အချင်းမရှိပဲ အဆုံးသတ်သွားလျှင်ပင် သူမအတွက် သန်မာသောသားမက်ကို ရွေးချယ်နိုင်ပြီး ဝံပုလွေဂိုဏ်း၏ ရပ်တည်မှုအတွက် အာမခံချက်တစ်ခု ရရှိနိုင်သည်။ မွေးစားသားတစ်ဦးမှာ ထိုအခွင့်အရေးကို ဆုံးရှုံး စေလိမ့်မည်။ 

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now