အခန်း(၁၀၆၉)
အချိန်ကြာမြင့်စွာ သွေးခုန်နှုန်း စမ်းသပ်ခြင်း။
ကောင်းကင်ယံ တောင်တွင် ဤမျှကြီးမားသောမငြိမ်သက်မှုများနှင့် မိစ္ဆာဓါးဂိုဏ်း နှင့် သစ္စာဖောက် ခြံဝန်းနှင့် ထိန်းသိမ်းရေးအဆောင်များ မှတပည့်များစွာ ထွက်ပြေးသွားပြီးနောက်၊ အချက်အလက်ပိတ်ဆို့ရန် အခြေခံအားဖြင့်မဖြစ်နိုင်ပေ။ အကယ်၍ ပိတ်ဆို့နိုင်ခဲ့လျှင်ပင် ကောင်းကင်ယံတောင်တန်းပေါ်ရှိ အရာအားလုံးကို Bai Yanqing ထံ ပထမဆုံးပြောပြသူမှာ Duanmu Yao ပင်ဖြစ်လိမ့်မည်။
သို့တိုင်အောင် Han Yunxi တို့ အဖွဲ့မှာ သူမ၏ အကြံအား အကြံဖြင့် တွေ့ပေးနိုင်ဆဲပင်။ Long Feiye မှာ ကန်ကျန်း ဓားကို သိမ်းသွင်းနိုင်ခဲ့ကြောင်း သူတို့သာ သိထားကြသည်။ ဤအတောအတွင်း မိစ္ဆာ ဓားဂိုဏ်း၏ ဒုတိယနှင့် တတိယ အကြီးအမှူးများမှာ သတိလစ်သွားကာ သူတို့က နှုတ်ပိတ်ခံထားရသကဲ့သို့ ဖြစ်နေသည်။
Bai Yanqing မှာ သူတို့၏ စုံတွဲကျင့်ကြံမှုကို ဖျက်ဆီးရန် ကန်ကျန်း နောက်လိုက်နေသောကြောင့်၊ သူတို့က မှားယွင်းသော အထင်အမြင် ဖန်တီးကာ နောက်ပိုင်းတွင် ဖြေရှင်းရန် ဓားကို ပြန်လည် ချိတ်ပိတ်ထားမည်ဟု ယူဆစေမည်။
"Bai Yanqing ရဲ့ ပန်းတိုင်ကဘာလဲ။ သူဘာကိုကြောက်နေတာလဲ။" Long Feiye မှာ မျက်ခုံးကျုံ့ကာ မေးလိုက်သည်။ ထိုလူသည် သူ၏ အရည်အချင်းနှင့် စွမ်းအားများဖြင့် သူတို့ကို ဘာကြောင့် ရှောင်နေမှန်း သူက အဖြေမထုတ်နိုင်ပေ။ သူက သူတို့အား အစွမ်းကုန်သုံးလျှင် အနိုင်ယူနိုင်ချေ ပိုများသည်။သို့သော် ထိုသူမှာ ပုန်းအောင်းနေပြီး အခြားနည်းလမ်းများဖြင့် သူတို့အား အကောက်ကြံရန် ကြံစည်နေခဲ့ပြီး သူ၏ ရည်ရွယ်ချက်ကို ပြောပြရန် ခက်ခဲလှသည်။
အကယ်၍ သူက လေမျိုးနွယ် သို့မဟုတ် ဤကမ္ဘာ၏ နယ်မြေတစ်ခုအတွက် တိုက်ပွဲဝင်နေခြင်းမဟုတ်ပဲ သူတို့၏အသက်ကိုလည်း မလိုချင်ပါလျှင် အဆုံးတွင် သူက အမှန်တကယ် မည်သည့်အရာအား အလိုရှိနေသည်လဲ။
Han Yunxi မှာ နားမလည်နိုင်ပေ။ ဂုဏ်ထူးဆောင် အကြီးအကဲ နှစ်ယောက်နှင့် အဘွားယူလည်း မသိတော့ပေ။ Long Feiye မှာ ကောင်းကင်ယံတောင် ၏ ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှိသော သမိုင်းမှ မဖျက်ဆီးခံရမီ အချိန်မီ ပြန်ရောက်လာခဲ့သည့်အတွက်သာ သူတို့ ဝမ်းသာနိုင်သည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...