အခန်း(၁၀၈၇)
ငါ့ရဲ့ အရှေ့ချင် မင်းမျိုးနွယ်အပေါ် အကြွေး။
ပေါက်ကွဲသွားတယ်။
ကျားထောင် ပေါက်ကွဲသွားပြီ။
ကြီးမားသော မီးခိုးလုံးကြီးမှာ Long Feiye နှင့် အခြားသူများကို မျိုချလိုက်ပြီး မျက်စိတစ်မှိတ်အတွင်း ကွယ်ပျောက်သွားသည်။ Gu Beiyue မှာ Jun Yixie ၏လက်ထဲရှိ မီးတိုင်ကို လုယူရှင်းလင်းခဲ့လျှင် ဤပေါက်ကွဲမှုက ဘယ်ကလာသည်လဲ။
"Long Feiye...။" Han Yunxi မှ အော်လိုက်သည်။ သူမ၏ မျက်နှာတွင် ဖုန်မှုန့်များ၊ အမှိုက်များ၊ သဲများ ပေကျံနေသည်။
"အဆိပ် ကောင်မလေး မင်းရူးသွားပြီလား။" Gu Qishao မှာ ထိတ်လန့်သွားတော့သည်။
မကြာခင်တွင် နောက်ထပ် ဘုန်းဟူသော အသံနှင့်အတူ ဒုတိယပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ ဤတစ်ကြိမ်မှ သက်ရောက်မှုမှာ ပထမအကြိမ်ထက် နှစ်ဆပို၍ ကျယ်လောင်နေသည်။ ပေါက်ကွဲမှုကြောင့် ကျားထောင် တစ်ခုလုံး ပြိုကျလာသည်။ Han Yunxi မှာ ပေါက်ကွဲမှု အရှိန်ဖြင့် နောက်သို့ လွင့်လာလေသည်။ သူမ မြေပြင်ပေါ်သို့ လဲကျလာစဥ် တစ်စုံတစ်ယောက်မှာ သူမဆီသို့ ပျံသန်းလာပြီး သူမကို ပွေ့ဖက်ကာ ကာကွယ် ပေးထားလိုက်သည်။ သူမက ဘာမှ မမြင်ရသော်လည်း ဆက်တိုက် ပေါက်ကွဲသံများ ကြားနေရသည်။ အပူလှိုင်းမှာ သူမ၏ နောက်ကျောဘက်ဆီမှ တရိပ်ရိပ် တက်လာသည်။
ပေါက်ကွဲသံများမှာ ရပ်တန့်သွားခြင်း မရှိပေ။
Jun Yixie မှာ ကျားထောင်တွင် ယမ်းမှုန့်များသာ မြှုပ်နှံထားခဲ့သည်။ သူက Ning Cheng ၏နောက်ကျောနှင့် မြေပြင်ပေါ်တွင် ဖောက်ခွဲရေးပစ္စည်းများကို နေရာချထားခဲ့သည်။ ပေါက်ကွဲမှုများတွင် သူနှင့်အတူ သေနိုင်စေရန် သူတို့ကို ဝင်စေချင်ခဲ့သည်။
ဒါဆိုရင် Long Feiye ...
Gu Beiyue နဲ့ Ning Cheng တို့လည်း …
ဤနေရာအထိ တွေးတောရင်း Han Yunxi မှာ လွတ်မြောက်ရန် ရုန်းကန်လိုက်သော်လည်း ထိုလူက သူမကို ဆွဲထားခဲ့သည်။
"လွတ်ပေး…" သူမ ဘယ်လောက်ထိထိတ်လန့်ပြီး စိတ်လိုက်မာန်ပါ ဖြစ်နေမှန်း သတိမပြုမိပဲ ရင်တွေပူနေခဲ့သည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...