အခန်း(၁၀၈၈)
ဒီလို အဆုံးသတ်မျိုး…….။
မန်နေဂျာ Jin မှ ပြောလိုက်လေသည်။ “Jun Yixie၊ ငါ Bai Yuqiao ပြောတာ ကြားလိုက်ရတယ်။ မင်းက ဒီကျားဖြူတွေကို သိမ်းသွင်းဖို့ နှစ်နဲ့ချီကြာတယ်ဆို။ ဟဲဟဲ၊ ငါ ခြောက်ကောင်လုံးကို သိမ်းသွင်းဖို့ သုံးရက်ပဲ လိုတယ်။ ငါက မဟူရာမျိုးနွယ် ရဲ့ တိုက်ရိုက်မျိုးနွယ်ဖွားပဲ။"
သူ၏ စကားကြောင့် အခြားလူများကလည်း သူ့ထံ မေးခွန်းထုတ်ဟန်ဖြင့် ကြည့်လိုက်ကြသည်။ ဒီကောင်က သူ့ရဲ့ဇစ်မြစ်ကို ရှာတွေ့တာ ကြာပြီလား။
မန်နေဂျာ Jin ထံ စိုက်ကြည့်နေရင်း Jun Yixie ၏ မျက်လုံးများမှာ ပြူးကျယ်လာသည်။ မဟူရာမျိုးနွယ် ၏ တိုက်ရိုက်မျိုးရိုးဆက် တစ်ယောက်ပင်လျှင် ကျားဖြူတစ်ကောင်ကို ယဉ်ပါးစေနိုင်ရန် အာမခံချက်မရှိပေ။ မွေးရာပါ ပါရမီ ကဲ့သို့သော အရာများကို ကြိုတင်ခန့်မှန်းရန် မဖြစ်နိုင်ပေ။
မန်နေဂျာ Jin မှာ သူ့ကို ငြင်းဆန်ရန် ဘယ်အခွင့်အရေးရှိသည်လဲ ။
သို့ရာတွင် မန်နေဂျာ Jin မှ ထပ်ပြောလိုက်သည်။ “မဟူရာမျိုးနွယ် ရဲ့ တိုက်ရိုက်သွေးလိုင်းက ဆောင်းကျီးပြည်အတွင်းမှာ အမြဲတမ်း ဇာတ်မြှုပ်နေပြီး မြောက်ပိုင်းလီ ကို ဘယ်တုန်းကမှ ခြေမချခဲ့ဘူး။ သူတို့မှာ ကမ္ဘာကို အုပ်စိုးဖို့ စိတ်ဝင်စားတာလည်း ပျောက်သွားတာ ကြာပြီ။ Jun Yixie မင်းဘယ်သူလဲဆိုတာ ငါမသိပေမယ့် ငါ မင်းကို အခုပြောပြနိုင်တာ မဟူရာ မျိုးနွယ်ရဲ့ တိုက်ရိုက်သွေးလိုင်းမှာ မင်းလို အမှိုက် မရှိဘူး။ အများဆုံး၊ မင်းက သာမန်မျိုးနွယ်ဝင်တစ်ယောက်ပဲ ဖြစ်လိမ့်မယ်။"
Jun Yixie မှာ ထိုစကားကြောင့် အလွန်တုန်လှုပ်သွားပုံရသည်။ သူ၏ ပါးစပ်မှ သွေးစိမ်းများ စီးကျလာကာ မန်နေဂျာ Jin ထံ သတိလက်လွတ် စိုက်ကြည့်နေသည်။ ခဏအကြာတွင် သူ၏ ခေါင်းမှာ မြေပြင်ပေါ် ပြုတ်ကျသွားတော့သည်။ သူ၏သေဆုံးမှုမှာ မကျေမနပ်ဖြင့် မျက်လုံးများကို ဖွင့်ထားခဲ့သော နှေးကွေးသော သေခြင်းမျိုးပင်။ သူက ဒီလိုအဆုံးသတ်ရလိမ့်မယ်ဟု ဘယ်တုန်းကမှ မထင်ခဲ့မိပေ။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...