အခန်း(၁၀၉၀)

276 36 4
                                    

အခန်း(၁၀၉၀)

မိဘ ခွင့်ပြုချက်မရှိပဲ ထိမ်းမြားဖို့ ကတိပြုထားတယ်။







သွေးကွက်များမှာ မြေပြင်တွင် ပြန့်ကျဲနေသည်။ ၎င်းတို့မှာ မြေဆီလွှာ၏အရောင်ကို စုပ်ယူထားပြီး အတန်ကြာ နေခဲ့ပြီ ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။ အချို့မှာ ဖျော့တော့နေကြပြီး အချို့မှာ အညစ်အကြေးများ ရောနှောကာ ပြန့်ကျဲနေသော အစက်အပြောက်များ ဖြစ်ပေါ်လာသည်။ 

Mu Linger နှင့် မန်နေဂျာ Jin မှာ ကျားနှစ်ကောင်မှ သွေးအိုင်များအဖြစ် လျော့ချသည်ကို မြင်ဖူးခဲ့သော်လည်း ကျားနှစ်ကောင်အတွက်ဆိုလျှင် သွေးကွက်မှာ များပြားလွန်းနေသည်။ Tang Li မှာ ထန်ထန်လေးကို ဆုပ်ကိုင်ထားပြီး မလှုပ်မရှား ရပ်နေလိုက်သည်။ Long Feiye နှင့် ကျန်လူများမှာဖုန်မှုန့်များကို ထိရန် ရှေ့တိုးလာခဲ့စဥ် Han  Yunxi  မှာ သူ့ကို တားလိုက်လေသည်။ “မထိနဲ့၊ ဒီရွှံ့ပေါ်မှာ အဆိပ်တွေရှိတယ်။ အသားတွေ ပုပ်သွားအောင် လုပ်ထားတာ။”

"အစ်မနင် နဲ့ ကျန်တဲ့သူတွေ.. သူတို့က ပြန်ပေးဆွဲခံရတာလား။" Mu Linger မှာ မဝံ့မရဲ မေးလိုက်သည်။ယခုတွင် သူတို့က လွတ်မြောက်နိုင်ရန် မမျှော်လင့်ထားသဖြင့် ဤသွေးကွက်များမှာ Ning Jing  မဖြစ်ရန်သာ ဆုတောင်းနိုင်သည်။ Tang Li မှာ သူမကို တစ်ချက်ချင်း လှည့်ကြည့်လိုက်လျှင် Mu Linger မှာ မည်သည့် အမှားမှ မလုပ်ထားသော်လည်း ထိတ်လန့်သွားတော့သည်။ သူမ အကြည့်ကို ရှောင်တိမ်းလိုက်တော့သည်။

Mu  Linger ကို လျစ်လျူရှုကာ Han  Yunxi  မှာ ဝပ်ထိုင်ကာ သွေးကွက်များကို ဂရုတစိုက်စစ်ဆေးလိုက်သည်။ သူမသည်လည်း Mu Linger ကဲ့သို့ ရိုင်းစိုင်းသော မျှော်လင့်ချက်များရှိသည်။ ကံမကောင်းစွာဖြင့် အဆိပ်ဖြေ စနစ်မှာ မကြာခင်တွင် သူမအတွက် သတင်းဆိုးများ ပေးလာလေသည်။ မတ်တပ်ရပ်ကာ မှတ်ချက်ချလိုက်လေသည်။ “ဒီသွေးကွက်တွေမှာ ကျားသွေးကော…”

သူမ တတ်နိုင်သလောက် အချိန်ဆွဲနေခဲ့သော်လည်း နောက်ဆုံးတွင် Tang  Li  ထံသို့ ကြည့်ကာ ပြောလိုက်သည်။ ".... လူ့သွေးကော…"

သူမ စကားမဆုံးခင် Mu Linger မှာ စိုးရိမ်တကြီးဖြင့် ဖြတ်ပြောလာသည်။ "ဒါ သူမဒဏ်ရာက သွေးတွေပဲဖြစ်မယ် ဟုတ်လား။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now