အခန်း (၁၁၈၁)
အပိုင်းအစများ ကောက်ယူရန် ကူညီပေးခြင်း။
Mu Linger မှာ Gu Beiyue ၏စာကိုလက်ခံရရှိသည်နှင့်တစ်ပြိုင်နက် ဆေးမြို့တော် သို့ထွက်ခွာလာသည်။ ဆေးဝါးပညာရှင်အတွက် လူနာသည် နံပါတ်တစ်ပင်။ Gu Beiyue မှာ ပုလိပ်ရောဂါဝေဒနာရှင်များမှ ထုတ်ယူထားသော အဆိပ်ဆေးလိုအပ်နေသည့် လူနာတစ်ဦးရှိကြောင်းသာ ပြောခဲ့ပြီး Gu Qishao အကြောင်းကို သူမအား မပြောခဲ့ပေ။ သူက ဖြစ်နိုင်ခြေ အမျိုးမျိုးကို ဖြတ်ကျော်၍ ရှာဖွေခဲ့သော်လည်း မအောင်မြင်သောကြောင့် သူမထံ အကူအညီတောင်းရန် လာခဲ့ခြင်းပင်။
သူက Mu Linger ထံ သူ၏လူနာတွင် အချိန်ကန့်သတ်ချက် ရှိနေကြောင်းကိုလည်း ပြောကြားခဲ့သည်။ အများဆုံးမှာ သူတို့က ကိုင်တွယ်ဖြေရှင်းရန် တစ်လသာ ကျန်တော့သည်။ Mu Linger မှ ရောက်သောအခါ၊ Xu Donglin မှာ Gu Beiyue ၏ စာကြည့်ခန်းသော့များ သူမထံ ပေးလိုက်သည်။ အထဲတွင် သမားတော်မှာ မိန်းကလေးကို မှတ်စုအထူကြီးနှင့် ပါဝင်ပစ္စည်းအပုံလိုက်ကို ချန်ထားခဲ့လေသည်။
Mu Linger မှာ Xu Donglin ထံ လူနာ၏ ရောဂါမှ ဘာလဲ၊ ဘာကြောင့် အဆိပ်ဆေးကို လိုအပ်တာလဲ ဆက်တိုက် မေးမြန်းခဲ့သည်။ Xu Donglin မှာ မည်သည့်ကိစ္စမှ မပြောပဲ Gu Beiyue ထံ တာဝန်အားလုံးကို တွန်းချလိုက်သည်။ သူက Xu Donglin ထံ လူနာ၏ နေရာကို မေးလိုက်လျှင်လည်း သူက Gu Beiyue မှ ညွှန်ကြားထားသည့်အတိုင်း ကမ္ဘာအနှံ့ ခရီးသွားလာနေသည့် နာမည်ကြီး သမားတော်တစ်ယောက်ဟုသာ ပြောလိုက်လေသည်။
၎င်းမှာ Mu Linger ကိုပို၍သာ စိတ်ရှုပ်သွားစေသည် ။
Gu Qishao တွင် မသေနိုင်သော ခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်ထားသည်ကို သူမ မသိထားသောကြောင့် Gu Beiyue ၏ အန္တရာယ်ရှိသော လူနာသည် သူမ အလွန်လွမ်းဆွတ်နေသော ချီကိုကို မှလွဲ၍ အခြားသူမဟုတ်ကြောင်း မသိခဲ့ပေ။ ဆေးလောကတွင် ကြီးပြင်းလာခဲ့ပြီး လူနာများစွာမှာ သူတို့၏ အထောက်အထားများကို လျှို့ဝှက်ထားလိုကြောင်း သူမ သိခဲ့ရသည်။ Gu Beiyue ကို ကိုယ်ရေးကိုယ်တာ သမားတော်အဖြစ် တောင်းဆိုနိုင်သူ မည်သူမဆိုသည် ရှုပ်ထွေးသောပုံရိပ်ရှိသူ ဖြစ်ရမည်။ ထို့ကြောင့် သူတို့၏ အသေးစိတ်အချက်အလက်များကို လျှို့ဝှက်ထားသည်မှာ ပုံမှန်ပင်။ Mu Linger မှာ မေးခွန်းများမမေးတော့ပဲ Gu Beiyue မှ တောင်းဆိုသည့်အတိုင်း အဆိပ်ဆေးပြုလုပ်ရန် နည်းလမ်းများကို စတင်သုတေသနပြုခဲ့သည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...