အခန်း(၁၀၅၈)

233 22 0
                                    

အခန်း(၁၀၅၈)

ပထမဆုံးအကြိမ် လေးယောက် ခရီးသွားခြင်း။







Gu Beiyue ၏ အရှိန်မှာ မည်သူမဆို မျှော်လင့်ထားသည်ထက် ကျော်လွန်သွားသည် ။ စာပို့ပြီး ခုနစ်ရက်အကြာတွင် သူက ဝတ်ရုံဖြူလွှလွှတွင် အစွန်းအထင်း မရှိပဲ သူတို့၏ ရှေ့တွင် ပေါ်လာသည်။သို့သော် သူ၏ ဆံပင်မှာမူ အနည်းငယ် ပွနေပြီး မျက်နှာမှာ ပင်ပန်းနွမ်းနယ်နေဟန်တူသည်။ Long Feiye ကဲ့သို့ တည်ငြိမ်သော တစ်စုံတစ်ယောက်ပင်လျှင် အံ့သြသွားတော့သည်။

"မင်းဒီကိုဘယ်လိုရောက်လာတာလဲ။" Long Feiye မှ မေးလိုက်သည်။

Gu Beiyue မှာ မြင်းအစား ပေါ့ပါးသော နည်းစနစ်များကို အသုံးပြုရန် ရွေးချယ်ခဲ့သည်။ သူက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ “အစောင့်ချူ  ဘယ်မှာလဲ။ အခု သူဘယ်လိုနေလဲ။"

သူက ဤနေရာသို့ အလျင်အမြန်ပြေးလာသည့် အချက်မှာ Chu Xifeng ၏ ဒဏ်ရာများမှာ ထင်ထားသည်ထက် ပို၍ ဆိုးရွားနေကြောင်း လူတိုင်းကို သတိပြုမိစေသည်။ Chu Xifeng မှာ ဘေးတွင် လဲလျောင်းနေပြီး အခြားသူများဖြင့် ကွယ်နေသည်။Gu Beiyue ၏ စကားများမှာ နှလုံးသားကို တင်းကျပ်သွားပြီးနောက် တစ်ဖက်သို့ လှည့်သွားလိုက်တော့သည်။

အတိတ်တွင် သူက ထိုအမျိုးသားကို မုန်းတီးပြီး နာကျည်းခဲ့ဖူးသည်။ 

Han  Yunxi နှင့် ကျန်လူများမှာ အမြန် လမ်းဖယ်ပေးလိုက်လျှင် Gu Beiyue မှာ လူနာကို တွေ့လိုက်ရသည်။ သူက ဘေးနားသို့ ခပ်မြန်မြန် လျှောက်သွားကာ ဒူးထောက်လိုက်သည် ။ Chu Xifeng မှာ နံရံကို စိုက်ကြည့်နေသော်လည်း Gu Beiyue မှ ပြောလိုက်ဆဲပင်။ "အစောင့်ချူ မင်းရဲ့အခြေအနေကို ကျွန်တော် ကောင်းကောင်းနားလည်ပါတယ်။ စိတ်မပူပါနဲ့။ ကျွန်တော် မင်းကို ဘယ်လိုပဲဖြစ်ဖြစ် ကုပေးမယ်။"

Chu  Xifeng  ၏ ခေါင်းမှာ ပြန်လှည့်လာပြီး စကားလုံးများ မရှိဖြစ် နေသည်။ ထိုအချိန်တွင်၊ Gu Beiyue မှာ သွေးခုန်နှုန်းကို စစ်ဆေးရန် သူ၏ လက်ကို ကိုင်ထားပြီးဖြစ်သည်။ Han  Yunxi  မှာ သူ့အတွက် အခြေအနေကို အမြန်အကျဉ်းချုပ်ပြောပြနေစဥ် Baili Mingxiang နှင့် Xu Donglin တို့မှာ နောက်ဆက်တွဲအသေးစိတ်အချက်များ ပေါင်းထည့်လိုက်သည်။ ဘေးမှ Han Yunxi မှာ မြင်ကွင်းနှင့် Gu Beiyue ထံ ကြည့်ရင်း ခေါင်းထဲတွင် ပေါ်လာသည်။ သက်တံကို မြင်ရမှပဲ  နှိုင်းယှဉ်စရာ မလိုပဲ အဲ့တာကို သိနိုင်တယ် ...

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now