အခန်း(၁၀၇၉)

247 27 2
                                    

အခန်း(၁၀၇၉)

ကျွင်းရိရှဲ့၏ တောင်းဆိုချက်။







လက်ထောက်စစ်သူကြီးရွှယ်မှာ ပိုင်လီ တပ်မတော်အား သုံးလမ်းသွားဂိတ်ကို တစ်ဦးတည်း ဖြတ်ကျော်စေလိုရုံသာမက ပိုင်လီ တပ်မတော်မှ မအောင်မြင်လျှင် တပ်နှစ်ခု လက်တွဲလုပ်ဆောင်ရန် မလိုအပ်ဟူ၍ပင် သတ်မှတ်ခဲ့သည်။ သူက စိတ်ကူးယဥ်နေသည်ဟုသာ ဆိုရပေမည်။

မြောက်ပိုင်းစစ်ရေးခရီး၏ အခက်ခဲဆုံးခြေလှမ်းမှာ ဤအရေးကြီးသော သုံးလမ်းသွားဂိတ်ပင်။ ၎င်း၏သဘာဝအတားအဆီးသည် ဖြတ်ကျော်ရန် ခက်ခဲစေပြီး ကျားထောင်မှ အဆက်အသွယ်ပြတ်သွားခြင်းမှာ Jun Yixie မှာ Ning Cheng အပေါ် ယခုအချိန်တွင် ယုံကြည်မှုရပ်တန့်သွားပြီဖြစ်ကြောင်း ဆိုလိုခြင်းပင်။ထို့ကြောင့် သူက ဂိတ်ကို ဖြတ်သန်းချိန်တွင် သူ၏ အကောင်းဆုံး စွမ်းအားများကို စုစည်းသွားရမည်ဖြစ်သည်။ ဤသည်မှာ ပိုင်လီ တပ်မတော်၏ ပထမဆုံး မြောက်ပိုင်းတိုက်ပွဲဖြစ်ပြီး မြောက်ပိုင်းလီစစ်တပ်နှင့်လည်း ပထမဆုံးပင်။ သူတို့က ရန်သူ သို့မဟုတ် သူတို့၏ပတ်ဝန်းကျင်နှင့် မရင်းနှီးသောကြောင့် ထိုသို့ လှုပ်ရှားစေခြင်းမှာ သူတို့အား ရှင်းရှင်းလင်းလင်း  ကြံစည်နေခြင်းဖြစ်သည် ။ အကယ်၍ သူတို့က  ငါးစာအဖြစ် ဆောင်ရွက်ခဲ့လျှင် နင်မျိုးနွယ် တပ်ဖွဲ့များမှာ လမ်းကြောင်းကိုဖြတ်ကျော်ရန် ပိုမိုလွယ်ကူသောအချိန်ကို ရရှိမည်ဖြစ်ကာ သူတို့၏ဂုဏ်သိက္ခာကို ပြသနိုင်စဥ် ပိုင်လီ တပ်မတော်၏ အရှိန်အဟုန်ကို ထိခိုက်စေလိမ့်မည်။

အကယ်၍ စစ်တပ်နှစ်ရပ်မှာ ရိုးသားစွာ ပေါင်းစည်းနိုင်လျှင် Long Feiye မှာ မည်သူက မည်သူထက် ပို၍ ဂုဏ်ထူးဆောင်နိုင်ကြောင်း ဂရုစိုက်မည် မဟုတ်ပေ။သို့သော် လက်ထောက်စစ်သူကြီးရွှယ် ၏ မရိုးသားသော မဟာမိတ်မှာ သူ၏ ကိုယ်ရေးကိုယ်တာ သေးသိမ်သော တွက်ချက်မှုများနှင့် ပြည့်နှက်နေပြီး ပိုင်လီ စစ်တပ်ကို ကျားပါးစပ်ထဲသို့ တည့်တည့် တွန်းပို့နေသည်။ ၎င်းမှာ ပိုင်လီ စစ်တပ်၏ စိတ်ဓာတ်ကို လျော့ပါးစေရုံသာမက မလိုအပ်သော ဆုံးရှုံးမှုများကိုလည်း ခံစားရစေသည်။ ဤသည်မှာ လူတစ်ဦး၏ တစ်ကိုယ်ကောင်းဆန်သော အမြတ်အစွန်းအတွက်သာ သက်ဆိုင်သည် မဟုတ်ပဲ တပ်ဖွဲ့တစ်ခုလုံး၏ စိတ်ဓာတ်ကို ထိခိုက်စေ၍ နှစ်ဖက်ကြား ပူးပေါင်းဆောင်ရွက်မှုကိုလည်း ထိခိုက်စေသည်။ Long Feiye အား မေ့ထားလျှင်ပင် Baili Yuanlong မှာ ခြေတစ်လှမ်းမှ အလျော့မပေးပဲ ငြင်းဆန်လိမ့်မည် ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now