အခန်း(၁၁၅၆)
မြေသြဇာကောင်းတဲ့ရေကို တစ်ပါးသူရဲ့ လယ်ကွင်းထဲ စီးမသွားစေနဲ့။
Baili Mingxiang နှင့် Su Xiaoyu တို့မှာ သခင်များပြန်လာသည်နှင့် တစ်ပြိုင်နက် ဝမ်းမြောက်စွာ အပြေးအလွား ရောက်လာကြသည်။ သို့သော် ခြံဝန်းထဲတွင် ထိုင်နေသည့် Long Feiye ၏ အေးစက်သောပုံစံကို မြင်လျှင် နှစ်ယောက်သား အရှိန်လျှော့သွားတော့သည်။
Su Xiaoyu မှာ Baili Mingxiang ကို တစ်ချက်ကြည့်လိုက်ပြီး ကြမ်းတမ်း ပြောလိုက်လေသည်။ "Baili Mingxiang၊ နင် ဘယ်တော့ လက်ထပ်မှာလဲ။ နင့်ကိုမြင်ရတာ ငါ့စိတ်အနှောင့်အယှက် ဖြစ်တယ်။"
Baili Mingxiang မှာ စိတ်ဆိုးကာ အားကိုးရာမဲ့နေတော့သည်။ အချိန်အတော်ကြာ ပြန်ပေးဆွဲခံရသော ဤကလေးအား သတိရနေခဲ့သော်လည်း ပြန်ရောက်လာသည်နှင့် သူမ၏ နေ့ရက်များမှာ ခက်ခဲသွားတော့သည်။ သို့သော်လည်း သူမက မကြာမီ စစ်တပ်သို့ ပြန်သွားတော့မည် ဖြစ်သောကြောင့် သူမ၏ တစ်သက်တွင် ဤမိန်းကလေးကို ထပ်မံ တွေ့ရမည် မဟုတ်တော့ပေ။ လက်ရှိတွင် ရက်အနည်းငယ်ကြာအောင် သူမအား သည်းခံနေနိုင်သည်။ သူမရဲ့ စကားတွေက စူးရှပြီး နှလုံးသားကလည်း အလားတူပေမယ့် သခင်တွေကို ကာကွယ်ပေးနေသမျှတော့ အဆင်ပြေပါတယ်လေ….
"ယုအာလေး၊ မင်း ချင်ဝမ်အိမ်တော်ထဲဝင်လာတုန်းက ရှစ်နှစ်ပဲရှိသေးတာမဟုတ်လား။" Baili Mingxiang မှာ အရှိန်လျှော့ကာ မေးလိုက်သည်။
“ငါက နင်နဲ့ မတူဘူး။ ငါ့သခင်မလေးကို တစ်သက်လုံးအစေခံသွားမှာ။ ငါအသက်ဘယ်လောက်ရှိပြီလဲဆိုတာကို နင်ဘာလို့ဂရုစိုက်နေတာလဲ။" Su Xiaoyu မှာ အေးခဲစွာ ပြောလိုက်သည်။
“မင်းသမီးက မင်းကို အနားမှာ တစ်သက်လုံး ထားမှာ မဟုတ်ဘူး။ အနှေးနဲ့အမြန် မင်း အိမ်ထောင်ပြုရမှာ..” Baili Mingxiang မှာ အဖြစ်မှန်ကို ပြောပြလိုက်သည်။
သို့သော် Su Xiaoyu မှာ အေးစိမ့်စိမ့်ပြုံးရင်း အသံအား မြင့်လိုက်သည်။ “ဒီလောကမှာ ရှိတဲ့ ယောကျာ်းတွေအားလုံးမှာ ငါက အရှင့်သားကိုပဲ အသိအမှတ် ပြုတယ်။ ဒါပေမဲ့ သူက ငါ့သခင်မလေးရဲ့ အပိုင်ပဲ။ ငါ့မှာ နင့်လိုခွေးသတ္တိမရှိဘူးဆိုတော့ ဘယ်တော့မှ အိမ်ထောင်ပြုမှာ မဟုတ်ဘူး။"
![](https://img.wattpad.com/cover/349773167-288-k148815.jpg)
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...