အခန်း(၉၉၈)
ဟန်ယွင်ရှီး.. မင်းပေးဝံ့လား။
Han Yunxi ၏ မသေချာမရေရာမှုများဖြင့် ရင်ဆိုင်ရလျှင် Long Feiye မှာ အဖြေတစ်ခုပေးလိုက်သည်။ “ဒါက ချီရှား ဓားမြှောင် နဲ့ ပတ်သက်ရမယ် ။မဟုတ်ရင် အရိုးစုဆောင်းသူဟာ အသက်ရှင်နေတဲ့ သားကောင်တွေကို ရှာဖို့ အကြောင်း မရှိဘူး။ တရားရေးဌာနမှာ မြှုပ်ထားတဲ့ အလောင်းတွေကြားထဲမှာပဲ ရှာလို့ရတယ်။”
ချီရှား ဓားမြှောင်မှာ မူလတည်းကပင် ကံမကောင်းသည့် အရာဖြစ်သောကြောင့် ၎င်းမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်များ ထိန်းသိမ်းထားနိုင်သည်။
Han Yunxi မှာ ခေါင်းညိတ်လိုက်သည်။ ယခုအချိန်တွင် သူမက ရှာဖွေမှုမစတင်မီ Xu Donglin ၏အမည်စာရင်းကိုသာ စောင့်ဆိုင်းနိုင်သည်။ သူတို့၏ သဲလွန်စများမှာ အကန့်အသတ်ရှိနေသော်လည်း သံသယ နယ်ပယ်အား သတ်မှတ်လိုက်သည်နှင့် ခက်ခက်ခဲခဲ မဖြစ်သင့်တော့ပေ။
အဆိပ်ဖြေစနစ်မှာ Cui Yun ၏အဆိပ်အား မှတ်တမ်းတင်ထားပြီးဖြစ်သောကြောင့်၊ ယခုအခါ ချီရှား ဓားမြှောင်မှ အဆိပ်အမျိုးအစား ကိုလည်း မှတ်တမ်းတင်ထားနိုင်ပြီဖြစ်သည်။ အကယ်၍ Han Yunxi မှာ ၎င်းဖြင့် ထပ်မံကြုံမိလျှင် အဆိပ်မှာ အနီးနားတွင် ရှိနေသရွေ့ စနစ်က သူမအား သတိပေးလိမ့်မည်။ ဓားမြှောင်မှာ အလွန်သေးငယ်သော်လည်း အရေးကြီးသောကြောင့် လူသတ်သမားမှာ ၎င်းအား သူ၏ ဘေးတွင်သာ ထားလိမ့်မည်။ သူမ၏ လုပ်ရပ်များအား ဖုံးကွယ်ကာ အံ့ဩဖွယ် အလုပ်အား လုပ်ခဲ့သည်။ အကယ်၍ အဆိပ်ဖြေစနစ် ၏ အာရုံခံစွမ်းရည်ကြောင့် မဟုတ်လျှင်Han Yunxi မှာ ခန္ဓာကိုယ်မှ ရေကန်ထဲတွင်ရှိသည်ကို ဘယ်သောအခါမှ သိရှိနိုင်မည်မဟုတ်သောကြောင့် သူတို့၏သဲလွန်စကို ထာဝရဆုံးရှုံးသွားရလိမ့်မည်။ ယေဘူယျအားဖြင့် ပြောရလျှင် လူသေအလောင်းများမှာ ရေထဲတွင် နစ်မြုပ်နေမည် မဟုတ်ပေ။
ရေကန်အတွင်းရှိ ရေဝဲကြောင့် Cui Yun ၏အလောင်းမှာ အကူအညီမပါပဲ မျက်နှာပြင်ပေါ် ပြန်ပေါ်လာရန် အခွင့်အလမ်းမရှိပေ။ ထို့ကြောင့် ၎င်းမှ ပျောက်ကွယ်မသွားမီ မည်သူမျှ ရှာတွေ့နိုင်မည် မဟုတ်ပေ။ Han Yunxi နှင့် Long Feiye တို့မှာ ဤပြသနာအား ဆွေးနွေးနေကြစဉ် ရုတ်တရက် ရပ်တန့်သွားပြီး အကြည့်ချင်းဖလှယ်ကြသည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...