အခန်း(၁၁၀၇)

243 26 2
                                    

အခန်း(၁၁၀၇)

အမျိုးသမီးတစ်ယောက်ကို အနိုင်ကျင့်ခြင်းကဲ့သို့ ကိစ္စများ။






Mu Liuyue မှာ ငယ်စဉ်ကတည်းက စိတ်ကူးယဉ်ခဲ့သော Long Feiye ကို ပြန်တွေ့ရရန် အိပ်မက်မက် နေခဲ့သည်။ သူမက သူ၏ အမြင့်သို့ မော့ကြည့်လိုက်ပြီး သူမ၏ကိုယ်ပိုင် အခြေအနေများကို ခဏတာ မေ့လျော့သွားတော့သည်။ ဤအခိုက်အတန့်တွင် အချိန်များ ရပ်တန့်ပြီး  နှစ်ယောက်သာ နေရာတွင် ရှိနေနိုင်ရန် သူမ အလွန်အမင်း မျှော်လင့်မိသည်။

ဤသည်မှာ ရိုင်းစိုင်းသော ဆန္ဒတစ်ခုမျှသာမဟုတ်ပဲ လွန်လွန်ကျူးကျူး အဆိုးရွားဆုံးသော စိတ်ကူးပင်။

Gu Qishao မှာ လျင်မြန်စွာ လျှောက်လာပြီး ပြောလိုက်သည်။ "ငါ အကုန်ကြည့်လိုက်ပြီးပြီ။ အဲ့ဒီ အဘိုးကြီး Mu Yuanbo ကို မတွေ့ခဲ့ဘူး။ ဒါပေမယ့် သူမ ဒီမှာရှိနေရင် သူက သေချာပေါက် ထွက်လာလိမ့်မယ်။" သူ၏မျက်နှာပေါ်တွင် အပြုံး၏ အရိပ်အယောင်တစ်ခုမှပင် မရှိချေ။ ပြင်းထန်မှုအပြင် တင်းမာမှုသာရှိနေသည်။ ရှည်လျားသွယ်လျကာ ဆွဲဆောင်မှုအားပြင်းသော မျက်လုံးများမှာ တစ်ကမ္ဘာလုံးက သူ့အား အကြွေးတင်နေသကဲ့သို့ ဆိုးရွားလှသည်။ 

Long Feiye မှ Mu Liuyue ထံ တစ်ချက်မျှ မကြည့်ပဲ ပြောလိုက်သည်။ "သူမကို နန်းတော်တံခါးဝမှာ ဆွဲထားပြီး ကြာပွတ်နဲ့ ရိုက်ချေ။"

သူ၏ စကားများမှာ Mu Liuyue ၏လှပသောအိပ်မက်များကို အငွေ့အသက်ကဲ့သို့ ကွဲကြေသွားစေတော့သည်။

"အရှင့်သား…” သူမက အော်လိုက်သော်လည်း သူက မထွက်သွားမီ သက်ညှာမှုကို တောင်းရန် အချိန်မရှိလိုက်ပေ။ 

Long Feiye မှာ ကျားမတန်းတူ ညီမျှမှုကို မြတ်နိုးသည်မဟုတ်ပဲ Mu Liuyue မှာ သူ၏ မျက်လုံးထဲတွင် နံစော်နေသော ကျောက်တုံးတစ်တုံးထက်ပင် အဖိုးမထိုက်ပေ။ သူ၏ မွှေးပျံ့သော ကျောက်စိမ်း စားကျက်မြေမှာ Han  Yunxi ကိုယ်တိုင်ပင်။ Gu Qishao မှာမူ မိန်းကလေးများကို ညင်သာစွာ ဆက်ဆံရမည်ဟူသော သဘောတရားကို သိပင်မသိပေ။ Mu Liuyue ကို ကော်လာမှာ ဆွဲကာ သူမကို ဆွဲခေါ်သွားတော့သည်။ 

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now