အခန်း(၁၀၈၆)

214 24 0
                                    

အခန်း(၁၀၈၆)

စနက်တံ မီးရှို့လိုက်ပြီ။






နာလား…

Mu Linger မှာ အပေါ်ယံတွင် သတ္တိရှိဟန်ဆောင်နေသော်လည်း မန်နေဂျာ Jin ၏ စကားများမှာ သူမအား ရုတ်တရက် စိတ်ဆင်းရဲသွားစေခဲ့သည်။ နဖူးတွင်  နာကျင်သည်မဟုတ်သော်လည်း သူမ၏ နှလုံးသားတွင် နာကျင်ရသည်။ သူမ စကားမပြောတော့လျှင် မန်နေဂျာ Jin ၏ သဘောထားမှာ ပျော့ပြောင်းလာသည်။ Mu Linger ၏နဖူးကို ညင်သာစွာပွတ်သပ်ပေးရင်း တိတ်ဆိတ်စွာဖြင့် ပတ်ဝန်းကျင်မှ လေးသမားများနှင့် Jun Yixie ကို စောင့်ကြည့်နေသည်။

Long Feiye၊ Han Yunxi၊ Gu Beiyue နှင့် Gu Qishao တို့မှာ ကျားထောင်ဝင်ပေါက်မှ ငါးလှမ်းမှ ခြောက်လှမ်းခန့်အကွာတွင် တစ်တန်းတည်းရပ်နေကြသည်။ Jun Yixie မှာ Ning Cheng ကို ချုပ်နှောင်ထားပြီး မလှုပ်မယှက် ရှိနေသည်။ နှစ်ဖက်ကြားရှိ လေထုသည်လည်း တင်းမာလာသည်။

"Jun Yixie တကယ်လို့ မင်း ကိုယ့်ဘာသာ ထွက်လာရင် မင်းရဲ့ အလောင်းကို အကောင်းအတိုင်း ဒီအိမ်ရှေ့စံက ထားခဲ့ပေးမယ်။" Long Feiye မှာ  အေးစက်စွာပြောလိုက်သည်။

Jun Yixie မှာ ကြောက်ရွံ့နေခြင်းမရှိပေ။ "Long Feiye ၊ တကယ်လို့ မင်းမှာ အရည်အချင်းတစ်ခုခုရှိရင် ဝင်လာခဲ့။ အဲဒီလိုဆိုရင် ဒီအရှင်က Ning Cheng ကို လွှတ်ပေးမယ်။ မဟုတ်ရင် သေတာထက် ပိုဆိုးတဲ့ ကံကြမ္မာကို ပေးလိုက်မယ်။”

Gu Qishao မှာ အေးစက်စွာ ရယ်မောလိုက်သည်။ "Jun Yixie မင်းက ငါတို့အားလုံးကို အရူးတွေလို့ ထင်နေတာလား။"

မကြာသေးမီက သူ၏ ဓားစာခံများစွာကြောင့် သူ့ကို အထိတ်တလန့် ဖြစ်နေကြရသည်။ အကယ်၍ သူက Ning Cheng ကို သတ်လိုက်လျှင်ပင် ကျန်သော သားကောင်များကို ခြိမ်းခြောက်ရန် အသုံးချနိုင်သည် ။ သို့သော် ယခုအချိန်တွင် Ning Cheng မှာ Jun Yixie ၏ တစ်ဦးတည်းသော ဓားစာခံဖြစ်ကြောင်း သိလိုက်သောကြောင့် ထိုအမျိုးသားမှာ သူ၏ လက်ထဲရှိ နောက်ဆုံး တန်ပြန်မှုဖြစ်နေပြီဟု ဆိုလိုခြင်းဖြစ်သည်။ Jun Yixie မှာ Ning Cheng ကို သူတို့ကိုယ်တိုင်ထက် ပို၍ အသက်ရှင်စေချင်လိမ့်မည်။

ဤသို့အခြေအနေမျိုးမှာ သူတို့က ကျားထောင်တွင်းသို့ ဘယ်လို မိုက်ရူးရဲဆန်စွာ ဝင်မည်လဲ။ Jun Yixie မှာ အထဲတွင် ထောင်ချောက်ချထားမှန် အရူးတစ်ယောက်တောင် ပြောနိုင်သည်။ Jun Yixie မှာ သူတို့အား အသာစီးယူနိုင်သည့် အရာ မရှိတော့ပေ။ အကယ်၍ သူတို့က စောင့်ရင်း အချိန်ဖြုန်းရမည်ဆိုလျှင်တောင် သူ့ကို သေတဲ့အထိ စောင့်နိုင်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now