အခန်း(၁၁၄၇)

281 26 0
                                    

အခန်း(၁၁၄၇)

အသေးလေး၏ အာဃာတ။






Han  Yunxi မှာသတိလစ်သွားချိန်တွင် အသေးလေးမှာ အဆိပ်သိုလှောင်ရာမှုနေရာလွတ်မှ ထွက်လာသည် ။ 

အဖြစ်အပျက်နှစ်ခု တစ်ပြိုင်နက် ဖြစ်ပျက်လာချိန်တွင် အသေးလေးမှ Han Yunxi ၏ ကျင့်ကြံမှုကို ဖြတ်ကျော်ရန် ကူညီခဲ့သလား သို့မဟုတ် ပြောင်းပြန်သက်ရောက်ကာ ထောင်မှ လွတ်မြောက်လာသည်လား မသဲကွဲတော့ပေ။ သူတို့က အောင်ပွဲခံ နေစဉ်တွင် အသေးလေးမှာ Long Feiye ကို အမုန်းတရားသက်သက်ဖြင့်သာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

တိုက်ခိုက်ခြင်း မပြုမီ ဝံပုလွေတစ်ကောင်မှ သားကောင်ကို ကြည့်နေသကဲ့သို့ပင်။

Long Feiye မှာ Han  Yunxi  ကို ဖမ်းထားပြီးနောက် ရန်လိုမှုကို ပထမဆုံး ခံစားမိလိုက်သူဖြစ်သည်။အံ့ဩမှုများ ပြည့်နှက်နေသကဲ့သို့ပင် သူက သတိထားလိုက်သည်။ 

အဲဒီ ရှဉ့်က ဘာဖြစ်နေတာလဲ။ ပုံမှန်ဆို ငါ့ကိုမြင်တာနဲ့ ပြေးသွားတတ်ပေမယ့် အခုက ဝံပုလွေတစ်ကောင်ဖြစ်ပြီး ငါ့ကို ငုံ့ကြည့်နေတာလား။

ကျန်သည့်အဖွဲ့မှာလည်း အံ့သြနေကြသည်။ Gu Beiyue မှာ ရေရွတ်လိုက်လေသည်။ “အရှင့်သား နှင်းဝံပုလွေက လုံးဝ ပြန်ကောင်းလာပြီး စွမ်းအားတွေတောင် တိုးလာပုံပဲ။ သူက အရမ်းစိတ်ဆိုးနေတယ်။”

"ဘာလဲ.. Bai Yanqing ကို သူ့ရဲ့သခင်အဖြစ် အသိအမှတ်ပြုလိုက်တာလား။" Long Feiye မှ ပြန်ပြောလိုက်သည်။

"ကျွန်တော်လည်း မသေချာဘူး။ ဒါပေမယ့်... အခြေအနေက ဆိုးရွားနေတာမလို့ သတိထားရပါမယ်။” Gu Beiyue မှ ပြန်ဖြေလိုက်သည်။ အသေးလေး နှင့် စိတ်ပိုင်းဆိုင်ရာ ဆက်စပ်မှု မရှိသော်လည်း သူ၏ မျက်လုံးများကို စိုက်ကြည့်ရုံဖြင့်  နှလုံးသားကို ကောင်းစွာ ဖတ်နိုင်ခဲ့သည်။ အသေးလေး ၏ အကြည့်များတွင် လူသတ်လိုစိတ်ဖြင့် ပြည့်နှက်နေသည်။

Bai Yanqing နှင့် ယှဉ်လျှင် နှင်းဝံပုလွေ၌ မသေနိုင်သော စွမ်းအားများမှာ ပို၍ အင်အားကောင်းသည်။ ထို့အပြင် သူ၏အစွယ်များတွင် ခြွင်းချက်မရှိ သေစေနိုင်သော အဆိပ်များဖြင့် ပြည့်နေသည်။ မင်းသမီးမှာ ယခုအချိန်တွင် အေးစက်နေပြီး Gu Qishao မှာ Bai Yanqing ကို စောင့်ကြပ်နေရသောကြောင့် အကယ်၍ သူက တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်လျှင် သူတို့က သားရဲနှင့် မယှဉ်နိုင်ပေ။ Gu Qishao မှာလည်း အခြေအနေမှ မူမမှန်ကြောင်း ပြောနိုင်သည်။ သူက အဖွဲ့တွင်ပါဝင်ရန် စီစဉ်နေသော်လည်း တစ်ဖက်တွင် လဲနေသည့် Bai Yanqing ကို ဆက်လက်စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now