အခန်း(၁၀၃၂)

219 30 0
                                    

အခန်း(၁၀၃၂)

ကုပေယွဲ့၏ ရက်စက်တည်ငြိမ်မှု။








Long Feiye နှင့် Gu Qishao ကို စိုက်ကြည့်နေစဉ် Han Yunxi ၏ နှုတ်ခမ်းများမှာ အေးစက်သော အပြုံးတစ်ခုအဖြစ်သို့ ကွေးသွားညွှတ်သည်။ဘယ်လောက် စိတ်ဝင်စားစရာကောင်းတဲ့ စုံတွဲလေးလဲ။ငါ့နေရာမှာ မဆုံးဖြတ်ခင် သူတို့က ငါ့ကို မေးတောင် မေးဖော်မရဘူး။ ဒါက ဘာအတွက်လဲ…

Long Feiye နှင့် Gu Qishao တို့မှ သဘောတူညီမှု ရရှိပြီးနောက် Tang Li မှာ ပျော်ရွှင်စွာ သူ၏ ပေါင်များကို ရိုက်လိုက်သည်။ "ဒါက အလုပ်ဖြစ်တာပဲ။ ဒါဆို ငါတို့က သူတို့ကို ဘယ်တော့ ကယ်မှာလဲ။"

"အလုပ်မဖြစ်ဘူး။" Han Yunxi မှာ နောက်ဆုံးတွင် ဒေါသ ပေါက်ကွဲလာတော့သည်။ "ရှင်တို့မမေ့နဲ့ဦး… Bai Yanqing က အရိပ်ထဲမှာ ပုန်းနေတုန်းပဲ။ကျွန်မတို့က အလင်းထဲက သူတွေပဲ။”

အရှေ့အနောက်ချင် မဟာမိတ်အဖွဲ့မှာ မြောက်ဘက်သို့ ဦးတည်သွားသည်နှင့် တစ်ပြိုင်နက် Long Feiye ၏ တည်နေရာမှာ ဖော်ထုတ်ခံရလိမ့်မည်။ Bai Yanqing မှာ သူ့အား အချိန်မရွေး လိုက်ရှာနိုင်ပြီး သူနှင့် Jun Yixie တို့နှစ်ယောက်လုံးမှာ အဆိပ်များ ကျွမ်းကျင်ကြသည်။ သူမနှင့် Gu Qishao တို့မှ ထွက်သွားလျှင် အဆိပ်တိုက်ခိုက်မှုများကို ဘယ်သူက ကာကွယ်ပေးမည်လဲ။ သူမ စိတ်မပူပဲ သူ့ကို ဘယ်လိုထားခဲ့နိုင်မည်လဲ။ ထို့အပြင်၊ သူမ မပါလျှင် ဒီမျိုးနွယ်  တပ်များအား ထိန်းသိမ်းရန် ပို၍ပင်ခက်ခဲစေကာ မဟာမိတ်များကြား ဆက်သွယ်ရေးခက်ခဲစေနိုင်သည်။သူမက ဒီမျိုးနွယ်အပေါ်  လုံးဝ ချုပ်ကိုင်ထားနိုင်ခြင်းမရှိသော်လည်း မင်းသမီးအဖြစ် သူမ၏ တည်ရှိမှုမှာ ၎င်းတို့ကို ထိန်းသိမ်းထားနိုင် သေးသည်။

Han Yunxi  မှာ ထိုအမျိုးသားတစ်အုပ်မှ ဤသို့မိုက်ရူးရဲဆန်သော အကြံဉာဏ်အား ဘယ်လိုစဥ်းစားမိမှန်း မသိတော့ပေ။

Gu Qishao မှာ Han Yunxi ၏ကိုယ်ပိုင်လုံခြုံရေးထက်ပို၍ အခြားအရာများစွာအပေါ် ဂရုမစိုက်သဖြင့် သူမအတွက်ကမ္ဘာကို ကျောခိုင်းနိုင်သည်။ Long Feiye မှာ အရာများစွာကိုသာမက Han Yunxi ၏ဘေးကင်းမှုကိုလည်း ဂရုစိုက်နေရသောကြောင့် ကြီးမားသောရုပ်ပုံလွှာနှင့် သူမ၏အတွက်ကာ စဥ်းစားကာ ဖိအားများနှင့် အန္တရာယ်အားလုံး ကိုင်တွယ်ဖြေရှင်းရန် ရွေးချယ်ခဲ့သည်။ Bai Yanqing နှင့် Jun Yixie တို့အား တစ်ယောက်တည်း ရင်ဆိုင်ရန် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသားပင်။ အတိတ်တွင် သူနှင့် Gu Qishao မှာ ပြောဖူးသည်။ ထိထိရောက်ရောက် မသေနိုင်သော လူတစ်ယောက်ကို မသတ်နိုင်သည့်တိုင် သူ့ကို ဖိနှိပ်ထားရန် နည်းလမ်းများ ရှိနေသည်။ Jun Yixie နှင့် ပတ်သက်လျှင်မူ သူ၏လက်ရှိ ကိုယ်ခံပညာစွမ်းရည်မှာ အခြားသူအတွက် သူ့အား အဆိပ်ခတ်နိုင်ရန် စိန်ခေါ်မှု တစ်ရပ်ပင်။ အရှေ့အနောက် ချင် မဟာမိတ်အဖွဲ့နှင့် မြောက်ပိုင်း စစ်ရေးခရီးကဲ့သို့ ကိစ္စများအတွက် Han  Yunxi အား ဆုံးရှုံးရခြင်းမှာ ပြသနာများစွာ ပိုမိုဖြစ်ပေါ်စေနိုင်သော်လည်း ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု သူက ယုံကြည်ချက်ရှိသည်။ ဇာမဏီစွမ်းအင်မှာမူ အမည်မသိတည်ရှိမှုတစ်ခုဖြစ်သည်။  သူက ၎င်းအား Han Yunxi ၏ ကိုယ်တွင်း၌ အစစ်အဆေး မရှိပဲ မည်သို့ ရှိနေခွင့် ပေးနိုင်မည်လဲ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now