အခန်း(၁၀၁၆)

280 33 4
                                    

အခန်း(၁၀၁၆)

အရမ်း ဖြစ်နိုင်ချေရှိတယ်။







မီးဖိုမှ လဲကျလာပြီး မီးများ နေရာပြောင်းသွားလျှင် ကိုယ်ပိုင် မီးတောက်ဖြင့် ပြန်၍ လောင်ကျွမ်းသွားလိမ့်မည်။ ထို့အပြင်၊ မီးဖိုမှ စိမ့်လာသည့် မည်သည့်မီးမဆို ဆေးပညာတောင်းဆိုမှု ဂူကို ပြာအဖြစ်သို့ လျှော့ချနိုင်မည်ဖြစ်သည်။

“မဟုတ်ဘူး။ မင်းတို့ ဒီလိုလုပ်လို့မရဘူး။" ဆေးမီးဖိုသခင်မှာ ကြောက်လန့်တကြားဖြင့် မျက်လုံးများ ပြူးကျယ်လာသည်။ 

Long Feiye မှာ ကြောက်မက်ဖွယ်အကောင်းဆုံး၊ အရက်စက်ဆုံးရန်သူဖြစ်မည်ဟု သူက ဘယ်တုန်းကမှ မထင်ခဲ့ပေ။ အရူးတစ်ယောက်ကဲ့သို့ အက်ကွဲကြောင်းဆီသို့ ပြေးသွားပြီး ကောင်းကင်မီး ချန်မီးဖိုအား ထောက်ထားရန် အချည်းနှီးကြိုးစားလိုက်သည်။ အနီးနားတွင် ပုန်းနေသော တပည့်များမှာလည်း အားလုံး ပြေးထွက်လာကြပြီး သူတို့၏ အတွင်းအားများအား ဆရာဖြစ်သူထံ ပို့ပေးလိုက်ကြသည်။ သူတို့၏အကူအညီဖြင့် လှုပ်ယမ်းနေသော မီးဖိုမှာ တည်ငြိမ်လာပြန်သည်။ သို့သော်၊ ဤသည်မှာ မီးတောက်နေသော ထင်းပုံတစ်ပုံအား ရေတစ်ခွက်ဖြင့် ငြိမ်းသတ်ရန် ကြိုးစားခြင်းပင်။ သူတို့၏  ကြိုးစားအားထုတ်မှုမှာ ကြာရှည်မခံပေ။

Long Feiye မှာအေးစက်စွာ ကြည့်နေစဥ် သူ၏ဓားသွားမှာ စွမ်းအင်များဖြင့် တောက်ပနေသည်။
အကယ်၍ သူတို့က နဂါးရှင်သန်ခြင်းဆေးအား ရရှိနိုင်ရန် ငါးနှစ်စောင့်ရမည်ဆိုလျှင် သူက အခြားတစ်နေရာတွင် ပြီးပြည့်စုံသောဆေးအား ရှာဖွေရန် စိတ်မကွက်ပေ။ ဆေးမီးဖိုသခင်  အတွက်ကတော့ သူ၏ အမျိုးသမီးအား ကစားရန် ကြိုးစားနေလျှင် ပြင်းထန်သော အကျိုးဆက်များ ဖြစ်လာနိုင်ကြောင်း ပြောရန်အတွက် သူ၏ နောက်ထပ် ပိုင်းဖြတ်မှုအား အသုံးပြုပေးရမည်။

ဆေးတောင်းဆိုမှု ဂူကြမ်းပြင်မှာ တစ်ဝက်လောက် နစ်မြုပ်နေပြီဖြစ်ပြီး၊ ကောင်းကင်မီး ချန်မီးဖိုမှာ ဆေးမီးဖိုသခင်နှင့် သူ၏တပည့်များလက်ထဲတွင် လှုပ်ယမ်းနေသည်။ Long Feiye မှာ သူ၏ ဓားဖြင့် နောက်တစ်ကြိမ် ပိုင်းဖြတ်ခဲ့လျှင် ဤဒဏ္ဍာရီဂူမှာ ဒဏ္ဍာရီကောင်းတစ်ခုထက် ပိုတော့မည် မဟုတ်ပေ။ ဆေးမီးဖိုသခင်မှာ ဓားသွားမှ ထက်မြက်သော အရှိန်အဝါအား ခံစားသိရှိနိုင်ပြီးနောက် Long Feiye မှ ပိုင်းဖြတ်ရန် ပြင်ဆင်နေသည် ကိုတွေ့မြင်ရလျှင် ပြန်ဆုတ်သွားတော့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now