အခန်း(၁၁၆၉)

271 27 2
                                    

အခန်း(၁၁၆၉)

အခြေချရန် ဆန္ဒမရှိ။






အကယ်၍ Gu Qishao မှာ Long Feiye ၏စကားကိုကြားလျှင် မည်သို့တုံ့ပြန်မည်လဲ။

သူကလည်း Gu Beiyue ကဲ့သို့ဖြစ်ကောင်းဖြစ်နိုင်သည်။ သမားတော်မှာ နားချလိုက်သည်။ “အရှင့်သား၊ အရပ်လေးမျက်နှာမှာ မငြိမ်မသက်ဖြစ်နေပြီး ကမ္ဘာက ကမောက်ကမ ဖြစ်နေတုန်းပါ။ အရှင့်သားက မကြာခင် စစ်တပ်ထဲ ပြန်ရပါမယ်။ Ning Cheng နဲ့ Jin Zi ရဲ့ကျားတပ်တွေက ဆောင်းရာသီရောက်ရင် နှင်းနဲ့လေကြားမှာ ပိတ်ဆို့ခံရမှာ သေချာပါတယ်။မြောက်ပိုင်းလီက နည်းဗျူဟာ ပြောင်းလဲဖို့ အဲ့ဒီအခွင့်အရေးကို အသုံးပြုလိမ့်မှာပါ။ ဆိုလိုတာက အဲ့တာတွေကို အရှင့်သားက ကာကွယ်ရပါမယ်။ အခုတောင် အနောက်ဘက် ရှေ့တန်းက စစ်စခန်းအများကြီး တိုက်ပွဲတွေ ပြည့်နှက်နေပါတယ်။ အဲဒီက စစ်သူကြီးတွေက ရက်စက်ကြမ်းကြုတ်တယ်ဆိုပြီး နာမည်ထွက်နေပါပြီ။ တကယ်လို့ သူတို့က မကျေနပ်ရင် ဆူပူအုံကြွပြီး အရပ်သားတွေကို ဒုက္ခပေးလိမ့်မယ်။တောင်ပိုင်းနဲ့ ပတ်သက်ရင်တော့… အရှင့်သားက  အခြေအနေကို ကောင်းကောင်းနားလည်သင့်တယ်။ အရှင့်သား အတွက် နဂါး၀တ်ရုံကို တစ်ယောက်ယောက် ချုပ်ပေးနေပြီလို့ ထင်ပါတယ်။”

Long Feiye မှ အလျော့ပေးရန် ငြင်းဆန်နေသည်ကိုတွေ့လျှင် Gu Beiyue မှာ ဆက်ပြောလိုက်သည်။ “အရှင့်သား၊ တကယ်လို့ အရှင့်သားက မြို့တော်မှာ တစ်နှစ်လောက် စောင့်နေရင်တောင် နောက်ဆုံးတော့ တိမ်တိုက်ကုန်းမြေကြီးက အရှင့်သား အပိုင်ဖြစ်လာဦးမှာပဲ။ ဒါပေမယ့် အဲဒီအချိန်အတွင်း ပုန်ကန်မှုတွေနဲ့ တိုက်ပွဲတွေ ဘယ်လောက်ဖြစ်နိုင်မလဲဆိုတာ စိတ်ကူးကြည့်ပါ။ ဒီနှစ်မှာ လွတ်သွားတာက ငြိမ်းချမ်းရေးကို ကျောခိုင်းပြီး ဧကရာဇ်အဖြစ် တိုင်းပြည် ထူထောင်ဖို့ နောက်ထပ် သုံးဆလောက် အချိန်ယူရလိမ့်မယ်။”

Long Feiye မှာ အားလုံးကို နားလည်နိုင်သည်။ 
"အရှင့်သား၊ အရှင့်သားနဲ့ မင်းသမီးက ရှိနေရင်တောင် အများကြီး အထောက်အကူဖြစ်မှာ မဟုတ်ဘူး။ Gu Qishao က ပါဝင်ပစ္စည်းတွေကို ရှာဖွေပြီး ပေါင်းစပ်ဖို့အတွက် အကောင်းဆုံးရွေးချယ်မှုပါ။ မင်းသမီးက ကိုယ်ဝန်ရှိနေပြီမလို့ ဒီလိုအလုပ်တွေကို မလုပ်နိုင်တော့ဘူး။” Gu Beiyue မှာ အဆုံးသတ်လိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now