အခန်း(၁၀၃၇)

297 27 0
                                    

အခန်း(၁၀၃၇)

ဤမျှသော လွှမ်းမိုးနိုင်မှု။








အရှေ့အရာခံခန်းမမှာ ဂုဏ်သိက္ခာရှိပြီး ထင်ရှားသည်။ဧည့်ခန်းမဟု ယူဆရသည့်တိုင် ဧည့်နန်းဆောင်တစ်ခု၏ အရှိန်အဝါ ထုတ်ပေးနိုင်သည်။ လက်ရှိတွင် Long Feiye နှင့် Han Yunxi တို့မှာ အလယ်ဗဟိုရှိ အိမ်ရှင်များအတွက် ဂုဏ်သရေရှိထိုင်ခုံများပေါ်တွင် ထိုင်နေကြသည်။ ဘေးချင်းကပ်လျက်၊ သူတို့၏ နန်မူသစ်သားကုလားထိုင်များကြားတွင် လက်ဖက်ရည် စားပွဲတစ်ခုသာ ခြားထားသည်။ လက်ဖက်ရည်၏ရနံ့မှာ တိတ်ဆိတ်နေသော အခန်း၏ လေထဲတွင် တိုးဝှေ့နေသည်။

အိမ်ရှင်များ၏ ထိုင်ခုံဘေးတွင် ကုလားထိုင်နှစ်တန်းရှိနေသည်။ Long Feiye ၏ နံဘေးတွင် Tang Li နှင့် Gu Beiyue တို့ထိုင်နေပြီး ဆယ့်နှစ်ယောက်မှာမူ Han Yunxi ၏ နံဘေးတွင် ထိုင်နေသည်။ ပထမထိုင်ခုံတွင် Ning Nuo၊ ထို့နောက် အနန္တကုန်သည်ခန်းမ၏ အကြီးအမှူးငါးဦး၊ တိမ်တိုက်နယ်ပယ်ကုန်သွယ်ရေးလုပ်ငန်းစု ၏ အကြီးအမှူးသုံးဦးနှင့် စစ်တပ်အဖွဲ့မှ လက်ထောက်စစ်သူကြီး သုံးဦးတို့မှ နေရာယူထားသည်။ အားလုံးထိုင်ပြီးသည်နှင့် Long Feiye မှာ လက်ဖက်ရည်သောက်ရန် ဖိတ်ကြားရန် အခွင့်အရေးမရလိုက်ပဲ Ning Nuo မှာ ဘေးရှိ ခေါင်းဆောင် အကြီးအမှူးအား ထိုင်ခုံနေရာပေးရန် လက်ဟန်ပြလိုက်သည်။

ထို့နောက် သူက Gu Beiyue အား စနောက်လိုက်သည်။ "Beiyue.. ဒီမှာလာထိုင်။" သူ၏ နာမည်အား ခေါ်လိုက်ဟန်မှာ နှစ်ယောက်မှ ရင်းနှီးသကဲ့သို့ ခံစားရစေသည်။ Ning Nuo မှာ စကားတစ်ခွန်းသာ ပြောလိုက်သော်လည်း လူတိုင်းမှာ သူက ဘာကိုဆိုလိုသည်ကို သိနိုင်လောက်အောင် ထက်မြက်သူများ ဖြစ်ကြသည်။ အရိပ်မျိုးနွယ်၏ မျိုးနွယ်ဝင်တစ်ဦးအနေဖြင့် Gu Beiyue မှာ အနောက်ချင်၏ လူတစ်ယောက် ဖြစ်သည်။ သူက Long Feiye ၏ ဘေးတွင် ဘယ်လိုထိုင်နေနိုင်မည်လဲ။ 

Gu Beiyue မှာ ကမ်းလှမ်းချက်အပေါ် ငြင်းဆိုခြင်းမရှိပဲ ရိုးရိုးရှင်းရှင်း ပြုံးကာ လျှောက်သွားလိုက်သည်။ဤအလှည့်အပြောင်းကို ကျေနပ်စွာဖြင့် Ning Nuo မှာ သူ့ကို ကြိုဆိုရန် ထရပ်လိုက်သည်။ "Beiyue၊ အရိပ်နဲ့ ဒီမျိုးနွယ်က အရင်တုန်းတည်းက မိတ်ဆွေကောင်းတွေပဲ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း၊ အစ်ကိုကြီးနဲ့ ငါက  အမွေခံကို အဆက်မပြတ် ရှာနေခဲ့တာ။ မင်းဖြစ်မယ်လို့မထင်ထားဘူး။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now