အခန်း(၁၁၇၅)

240 25 2
                                    

အခန်း(၁၁၇၅)

ကုန်ဆုံးသွားခဲ့သော နေ့ရက်များကို တမ်းတမိခြင်း။








Han Yunxi မှာ နောက်တန်းစခန်းတွင် အခြေချနေထိုင်ရန် Long Feiye နှင့်အတူ လိုက်ပါခဲ့ပြီး သူမ၏သားအိမ်အား ပြုစုစောင့်ရှောက်ရန်၊ Long  Feiye အတွက် စစ်ရေးကိစ္စများ ကူညီပေးခြင်းနှင့် ဆေးမြို့တော်မှ သတင်းများကို နားထောင်ခြင်းကြားတွင် အချိန်ကို ပိုင်းခြားထားသည်။ ကိစ္စအားလုံးမှာ ချောချောမွေ့မွေ့ပင်။

မကြာခင်မှာပဲ Han  Yunxi မှာ Ning Jing ၏ စာကို လက်ခံရရှိခဲ့သည်။  Gu Beiyue မှ အကြံပြုထားသည့် သမားတော်ကို သူမ တွေ့ရှိခဲ့သည်။ သူနှင့်တွေ့ဆုံရန် ခက်ခဲ ခဲ့သော်လည်း Ning Jing  မှာ Gu Beiyue ၏ မိတ်ဆက်စာဖြင့် သူ၏ အိမ်တံခါးသို့ ရောက်လာလျှင် နွေးထွေးစွာ ကြိုဆိုခဲ့သည်။

သူမ၏ သွားများကို သမားတော်မှ မည်သို့ စစ်ဆေးပြီး  ပြုပြင်နိုင်ကြောင်း အတည်ပြုခဲ့သော်လည်း အချိန်အနည်းငယ်ကြာမည်ဖြစ်ကြောင်း သူမ၏ စာတွင် ဖော်ပြထားသည်။ သွားအတုများအတွက် ပစ္စည်းများရွေးထုတ်ရရုံတင်မက စိုက်ပြီးလျှင်လည်း သူမ၏ အခြေအနေကို စောင့်ကြည့်ရဦးမည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် လုပ်ငန်းစဉ်တစ်ခုလုံးမှာ တစ်နှစ်ခွဲလောက်ကြာနိုင်သည်။

Han  Yunxi မှာ ထိုစကားများကြောင့် စိတ်အေးသွားသည်။ သူမက Ning Jing ကို ကိစ္စတစ်ခုမှမပြောပဲ ထန်မျိုးနွယ်မှ ဖိအားအားလုံးကို တားဆီးပေးထားသည်။ Ning Jing ၏ သတင်းကောင်းနှင့်အတူ Xu Donglin ၏စာမှ ရောက်လာသည်။ ထန်မျိုးနွယ်မှာ Ning Jing နနှင့် Tang Li တို့ ဘယ်မှာရှိလဲဆိုသည်အား တစ်ချိန်လုံး မေးမြန်းနေသည်။ Tang Zijin မှာ ဆေးမြို့တော်သို့ ကိုယ်တိုင်ရောက်လာခဲ့ပြီး အနန္တကုန်သည်ခန်းမတွင် ရှာဖွေရန် လူများကို စေလွှတ်ခဲ့သည်။ သူက Ning Nuo နှင့် ရန်ဖြစ်လုနီးပါးပင်။

Han Yunxi မှာ Tang Zijin နှင့် ထိပ်တိုက်ရင်ဆိုင်ရန် မလိုလားသောကြောင့် Long Feiye ကိုသာ အကူအညီတောင်းနိုင်သည်။ သူမသည် Xu Donglin ၏စာကို သူမနှင့်အတူ အစည်းအဝေးတဲကြီးထဲသို့ယူသွားကာ သူ၏ စာရွက်ပုံကြီးအပေါ်တွင် ထားလိုက်သည်။ "ကျွန်မ Ning  Jing ကို ဆေးမြို့တော်ကနေ Tang  Li ကို ခေါ်သွားခွင့်ပေးပြီးတော့ ခဏတာ စိတ်ပြေလက်ပျောက် လည်ဖို့သွားတယ်လို့ သခင်မထန် ကို ပြောလိုက်တယ်။ Tang Li ရဲ့ အခြေအနေကို သူမဆီ အတိအကျ မရှင်းပြခဲ့ဘူး၊ Ning Jing  သွားတွေရဲ့ အခြေအနေကို ပိုနည်းတယ်။”

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now