အခန်း(၁၁၇၆)

272 23 0
                                    

အခန်း(၁၁၇၆)

စောင့်ဆိုင်းနေခြင်း။





Han  Yunxi မှာ သူမ၏ အဆောင်သို့ ပြန်လာချိန်တွင် Baili Yuanlong နှင့် လူအုပ်ကြီးမှာ အစည်းအဝေးတဲထဲသို့ ဝင်သွားသည်ကို မြင်လိုက်ရသည်။ Long Feiye မှာ ယနေ့ညနှောင်းပိုင်းအထိ ပြန်လာမည်မဟုတ်ကြောင်း သူမ သိလိုက်ပြီး ကျောက်မားမား  အား စွပ်ပြုတ်ပြင်ဆင်ရန် ချက်ချင်းညွှန်ကြားလိုက်လေသည်။

Gu Beiyue နှင့် Gu Qishao ၏ လက်ရှိအခြေအနေများကို သူမ မသိနိုင်ပဲ သက်ပြင်းသာချနိုင်သည်။  တကယ်လို့ Gu Beiyue က ချီကလေး အတွက် ဖြေဆေးရှာဖို့ ကူညီပေးရင်း အလုပ်များလွန်းနေတာ မဟုတ်ရင် သူက Long Feiye အတွက် အကူအညီကြီး ဖြစ်နိုင်တယ်။

အားလုံး အလုပ်ရှုပ်နေရင်း သုံးလ ကုန်ဆုံးသွားပြန်သည်။ ထိုအချိန်တွင် ဆေးမြို့တော်မှာ Han Yunxi ထံသို့ သတင်းကောင်းများသာ ပေးပို့ခဲ့သည်။သတင်းဆိုးသည်ပင် ကြောက်မက်ဖွယ်မဟုတ်ပေ။ အမျိုးမျိုးသောဆေးညွှန်းများ ပျက်ကွက်သည့်သတင်းများသာဖြစ်သည်။ Gu Beiyue မှာ Han  Yunxi ၏ သံသယများကို ရှောင်ရှားရန် သတင်းကောင်းနှင့် သတင်းဆိုးကို ရောနှောရန် စိတ်ကူးခဲ့သည်။

အမှန်တွင်၊ Gu Beiyue မှာ ပလိပ်ရောဂါဝေဒနာရှင်များမှ ထုတ်လုပ်သော အဆိပ်ဆေးကို ရှာမတွေ့ခဲ့ချေ။Gu Qishao မှာ သူ၏ နီမြန်းသော ၀တ်ရုံကို စွန့်လွှတ်ပြီး သူ၏ ခန္ဓာကိုယ်ကို လျော့ရဲသော အနက်ရောင် ဝတ်ရုံဖြင့် ဖုံးကွယ်ထားကာ မျက်လုံးများသာ ကျန်ရစ်ခဲ့သည်။ သူ့ကိုယ်သူ ဆေးမိစ္ဆာအရှင် အဖြစ် အသွင်ပြောင်းချိန်တွင် ဝတ်ခဲ့သော ဝတ်စုံဖြင့် ထပ်တူပင်။

သူက အိမ်ခေါင်မိုးပေါ်တွင် ထိုင်ကာ နေ့ရက်များကို ဖြတ်သန်းနေပြီး၊ အမှန်တကယ်သာ သစ်ပင်တစ်ပင်ဖြစ်လာလျှင် သူ့ကို ဘယ်နေရာမှာ စိုက်ရမယ်ဆိုသည့်အကြောင်း Gu Beiyue ဖြင့် ဟာသလုပ်နေသည်။

Gu Beiyue မှာ အပြုံးဖြင့်သာ တုံ့ပြန်လိုက်သည်။ "ချီကလေး၊ ကျွန်တော် မင်းကို ကုသပေးနိုင်တယ်။ ကျွန်တော့်ကိုယုံ။"

"ဒါပေါ့.. ငါ မင်းကိုယုံတယ်။" Gu Qishao မှာ အချိန်တိုင်း ခေါင်းညိတ်လေ့ရှိသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now