အခန်း(၁၀၅၉)
ပြန်တွေ့ဖို့ တော်တော်ကြာသွားပြီ။
သူမကို မြင်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း Cang Xiaoying သည် အမြဲတစေ ကျော့မော့သော အငွေ့အသက် ရှိနေဆဲပင်။ နှလုံးသားပိတ်လှောင်မှုခြံဝန်းနှင့် သူမ၏ အဖေမှ ကြုံတွေ့ခဲ့ရသည့် ကံဆိုးမိုးမှောင်ကျမှုများကြောင့် ထိခိုက်ခံစားရပုံမပေါ်ပေ။ အကယ်၍ Han Yunxi မှ ခန့်မှန်းသည်မှာ မှန်လျှင် Cang Qiuzi ဆုံးပါးသွားပြီးနောက် ခြံဝန်းအတွင်း အတွင်းပိုင်းမငြိမ်မသက်မှုများကို တားဆီးရာတွင် ဤအကြီးဆုံး သခင်မလေး Cang Xiaoying မှာ အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ရမည်။
အမျိုးသမီးများမှာ အမှန်တကယ်ပင် မွေးရာပါ ခေါင်းဆောင်များ ဖြစ်ပင်။ သူတို့က လူတို့ကို ဦးဆောင်ပြီးသည်နှင့် ကမ္ဘာကို ဦးဆောင်နိုင်ကြသည်။
"Long Feiye၊ ငါတို့လမ်းကို တစ်ခါတည်းသွားမှာလား။ ဒါမှမဟုတ်…” Gu Qishao မှာ နောက်မှ ရပ်တန့်လိုက်သည်။
ယခင်မှ အစောင့်များမှာ အားနည်းပြီး နည်းပါးသည့်အတွက် အဖွဲ့ကို သတိပြုမိစေခြင်း မရှိပဲ ဖြတ်လာကြသည်။ သို့သော် ဤနေရာမှာမူ ကွဲပြားသည်။ အကြောင်းမှာ တစ်ခုတည်းသော လှုပ်ရှားမှုမှပင် တောင်တစ်ခုလုံးကို လှုပ်ခတ်သွားစေနိုင်သောကြောင့် ဖြစ်သည်။
သို့သော် Long Feiye မှ မဖြေမီတွင် Han Yunxi မှ ရှေ့သို့ ခြေလှမ်းကျယ်ကျယ် လှမ်းသွားလေသည်။ ဤနေရာ၌ သူမ၏ပထမဆုံးခရီးစဉ်တွင် Cang Xiaoying ဖြင့် တိုးမိသည်ကို သတိရမိသေးသည်။ ကောင်မလေးမှာ သူတို့လမ်းကို ပိတ်ဆို့ရန်လာရုံသာမက စည်းကမ်းများအား ဖက်တွယ်ထားသည့် အဖွားယူဖြင့် ရန်တိုက်ပေးခဲ့သဖြင့် သူမက ဓားဂိုဏ်းသခင်နှင့် မတွေ့ဆုံမီပင် ကံဆိုးခြင်းကြုံခဲ့ရသည်။ သူတို့က နောက်ဆုံးအကြိမ်တွင် Cang Qiuzi အား ဖြေရှင်းခဲ့သော်လည်း Cang Xiaoying မဟုတ်ပေ။ Han Yunxi မှာ အာဃာတဟောင်းများကို လက်စားချေရန် ဤနေရာသို့ ရောက်လာခဲ့ခြင်း မဟုတ်သော်လည်း အကယ်၍ လမ်းတွင်ရှိနေပါက ဂုဏ်ပြုပေးရန် ဆန္ဒရှိနေသည်။ ထို့ပြင် သူတို့က လမ်းကို ထိုးဖောက်သွားရုံအပြင် ရှေ့ဆက်ရန် နည်းလမ်းမရှိပေ။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...