အခန်း(၁၁၉၀)

240 26 2
                                    

အခန်း(၁၁၉၀)

နင်ချန်ကို စောင့်နေတယ်။





တော်ဝင်သမားတော်နဲ့ မင်းဆရာ ဖြစ်လာဖို့လား။

Gu Beiyue မှာ ပထမတစ်ခုကို မဆိုင်းမတွ လက်ခံနိုင်သော်လည်း နောက်တစ်ခုမှ သူ့ကို ခေတ္တရပ်တန့်သွားစေလေသည်။ မင်းဆရာမှာ ရေမြေ့အရှင် အချုပ်အခြာအာဏာပိုင်၏ ဆရာဖြစ်သည်။ သူက ဧကရာဇ်မင်းမြတ်ကိုသာမက သူ၏ တော်ဝင်မင်းသား များကိုပါ သင်ကြားပေးရတော့မည်။ ၎င်းမှာ ကြီးလေးသော တာဝန်တစ်ရပ်ပင်။

ရှုပ်ထွေးသောအကြည့်များမှာ Gu Beiyue ၏မျက်လုံးများတွင် ဖြတ်သန်းသွားသော်လည်း နောက်ဆုံးတွင် သူက ခေါင်းညိတ်လိုက်သည်။ “ အရှင့်သားရဲ့အသိအမှတ်ပြုမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဒီလက်အောက်ငယ်သားက…”

“မင်းကိစ္စတွေကို  သေချာ စဉ်းစားပြီးမှ ငါ့ကို အဖြေပေးပါ။” Long Feiye မှာ ကြားဖြတ်ပြောလိုက်သည်။ "အလျင်စလို မရှိဘူး။"

Gu Beiyue မှာ ခေါင်းညိတ်လိုက်သည်။ “ကောင်းပါပြီ။”

Gu Beiyue နှင့် Mu Linger တို့မှာ Gu Qishao ကို ဆေးမြို့တော်သို့ ခေါ်ဆောင်သွားသောအခါ Ning Jing နှင့် Tang Li မှာလည်း ထန်မျိုးနွယ်သို့ ဦးတည်သွားခဲ့သည်။ မကြာခင် Long Feiye နှင့် Han Yunxi တို့သာ နောက်တန်းစခန်းတွင် ကျန်ခဲ့ပြန်သည်။ ယွင်နင်း၏ ယာယီမြို့တော် ဆောက်လုပ်မှုမှာ ပြီးစီးနေပြီဖြစ်သည်။ ယာယီနန်းတော်မှာလည်း ၎င်း၏နေရာဟောင်းပေါ်တွင် တည်ဆောက်ခဲ့ပြီး ပြီးစီးလုနီးပါးဖြစ်နေပြီပင်။ သားတော်မှ တစ်လပြည့်သည့်နေ့တွင် Long  Feiye မှ နန်းတက်မည်ဟု လူတိုင်းက ထင်မှတ်ခဲ့ကြသော်လည်း ထိုနေ့၌ သူက ယွင်နင်းနန်းတော်သို့ ပြောင်းရွှေ့သွားရုံသာ လုပ်ခဲ့သည်။ 

၎င်းမှာ လူတိုင်းမှ သူ၏စိတ်ရင်းကို မှန်းဆကာ ကျန်ရစ်ခဲ့စေလေသည်။ မြောက်ပိုင်းလီတစ်ခုတည်းသာ သိမ်းပိုက်ရန်ကျန်ရှိနေပြီး တိမ်တိုက်နယ်မြေတစ်ခုလုံးမှာ Long Feiye ၏လက်ထဲတွင် ရှိနေပြီပင်။ ဘာကြောင့် သူ့ကိုယ်သူ ဧကရာဇ်အဖြစ် မကြေငြာသေးသည်လဲ။ 

သူဘာကိုစောင့်နေတာလဲ…

အရှေ့ချင် နှင့် တောင်ပိုင်း စစ်သူကြီးများ၏ အဖွဲ့များအားလုံးသည် နောက်ဆုံးအခိုက်အတန့်ကို စောင့်မျှော်နေကြသည်။ Long Feiye မှ အရှေ့ချင် ဧကရာဇ်များ၏ ဂူဗိမာန်ကို ဂါရဝပြုပြီး ဘိုးဘေးများကို ပူဇော်ပြီးသည်နှင့် အရှေ့ချင်မင်းဆက်ကို အမှန်တကယ် ပြန်လည်အသက်သွင်းကာ အချုပ်အခြာအာဏာပိုင် ဖြစ်လာမည်ပင်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now