အခန်း(၁၀၃၈)

237 27 0
                                    

အခန်း(၁၀၃၈)

နင်ကျင်းသေရင် ငါလည်းသေမယ်။






Han Yunxi မှ ပြောလိုက်သည်။ “Mu Linger က ကျွန်မရဲ့ တန်ဖိုးအထားရဆုံး ညီမလေးပဲ။ ကျွန်မလည်း သေချာစဉ်းစားပြီးမှ ဒီဆုံးဖြတ်ချက်ကို ချလိုက်တာ။ ခေါင်းဆောင် အကြီးအမှူး ဒီမြောက်ပိုင်းလှုပ်ရှားမှုက ကျွန်မတို့ရဲ့ အောင်မြင်မှု ဒါမှမဟုတ် ကျရှုံးမှုအတွက် အရေးကြီးလွန်းတယ်။ အရှေ့ကော အနောက်ချင်ကော စွန့်စားဖို့ မတတ်နိုင်ဘူးဆိုတာ ရှင်သိထားသင့်တယ်။”

“ဒါပေမယ့်…” ခေါင်းဆောင်အကြီးအမှူးမှ စကားမပြောနိုင်ခင် Han Yunxi မှာ သူ့ကို ဖြတ်ပြောလိုက်ပြန်သည်။ “ဓားစာခံတွေရဲ့ ဘေးကင်းရေးအပြင် ဒီမျိုးနွယ်က  ကျွန်မကို စည်းရုံးဖို့ တစ်ခြားအကြောင်းပြချက်တွေ ရှိသေးလား။ ဒီကိစ္စက သတ်မှတ်ပြီးပြီ။"

Ning Cheng မှာ မြောက်ဘက်သို့ စစ်ဆင်ရေးခရီးအတွက် အကြံပြုချက် တစ်စုံတစ်ရာ မပေးခဲ့ချေ။Long Feiye မှ ဒီမျိုးနွယ်၏ မျိုးနွယ်ဝင်များအား နှစ်သက်စေသော နွေဦးရာသီတွင် သွားရန် အကြံပြုခဲ့သည်။ အမှန်တွင် Ning Nuo နှင့် ခေါင်းဆောင်အကြီးအမှူး နှစ်ယောက်စလုံးမှာ မြောက်ဘက်သို့ ဦးတည်ရန် အကောင်းဆုံးအချိန်မှာ နွေဦးရာသီမဟုတ်ပဲ နွေရာသီအစမှန်း ရှင်းနေသည်။

ပထမ၊ မြောက်ပိုင်းလီမှာ တိမ်တိုက်ကုန်းမြေကြီး၏ မြောက်ဘက်တွင် တည်ရှိသောကြောင့် ချမ်းအေးသည်။ ၎င်း၏အစောပိုင်းနွေဦးရာသီမှာ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများမှ ဆောင်းရာသီနှင့် ဆင်တူသည်။ ထို့ကြောင့် ရေခဲများအားလုံး အရည်ပျော်သွားသော နွေဦးရာသီမှာ  အကောင်းဆုံးရာသီဖြစ်သည်။ တောင်ဘက်တွင် မိုးအနည်းငယ်ရွာသဖြင့် အပူချိန်များမှာလည်း အံကိုက်ပင်။ ထိုအချိန်မှ  တပ်များ စေလွှတ်ခြင်းမှာ ရာသီဥတုနှင့် အကျွမ်းတဝင်မရှိသော စစ်သားများအတွက် ပြသနာများစွာ ရှောင်ရှားနိုင်သည်။ 

ထို့နောက် နွေဦးနှောင်းပိုင်း၊ နွေရာသီ နီးကပ်လာချန်မှာ မြက်ပင်များ ကြီးထွားကာ ရင့်မှည့်ချိန်ဖြစ်သည်။ Jun Yixie ၏ တပ်ဖွဲ့များနောက်တွင် ချထားသော နေရာမှာ မြောက်ပိုင်းလီ၏ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများဖြစ်သည်။ တိုက်ပွဲစပြီးသည်နှင့် မြင်းများ၏အစာရိက္ခာသည်လည်း  သက်ရောက်မှုရှိလာနိုင်သည်။ 

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now