အခန်း(၁၀၃၉)

235 28 0
                                    

အခန်း(၁၀၃၉)

သူ့ကို ဆွဲခေါ်သွား။








Tang Li မှာ လက်ဖြင့် နဖူးအား ပြန်ရိုက်ကာ နောက်ဆုံး အနီရောင်စာအိတ်ကိုယူပြီးနောက် Long Feiye ဆီသို့ အရိုအသေ ပေးလိုက်သည်။  “အစ်ကိုကြီး၊ မရီး၊ Ning Jing နဲ့ ကလေးကိုယ်စား ကျေးဇူးတင်ပါတယ်။"

"ထန်မျိုးနွယ်ခေါင်းဆောင် မင်ရှန်းက ရှင့်ကို ဒါလေး လက်ဆောင်ပေးချင်တယ်။ ကလေးအတွက်ပါ။” Baili Mingxiang မှာ အစောတွင် ယူထားသည့် အနီရောင်စာအိတ်အား ကမ်းပေးရင်း ပြောလိုက်သည်။၎င်းမှာ အရှင့်သားထံမှ သူမ၏ ပထမဆုံးစာအိတ်အနီပင်။

Gu Beiyue မှာလည်း မတ်တပ်ရပ်ကာ အပြုံးဖြင့် အနီရောင်စာအိတ်အား ကမ်းပေးလိုက်သည်။ “ထန်မျိုးနွယ်ခေါင်းဆောင် ဒီလူကလည်း ဒီလက်ဆောင်ကို ပေးချင်ပါတယ်။ က​လေး​အတွက် ​ကံကောင်းမှုတွေ ကြွယ်ဝပါ​စေ။"

Gu Qishao မှာ အတွင်းမှ နံပါတ်များ ချောင်းကြည့်ရန် စာအိတ်အနီရောင်ကို ဖွင့်လိုက်ပြီးနောက် မျက်လုံးများတွင် ထိတ်လန့်မှုများ ဖြတ်သွားတော့သည်။ ခဏအကြာတွင် သူကလည်း ကမ်းပေးလိုက်သည်။ "Tang Li.. ဒီမှာ! နောက်ကျရင် Ning Jing ကို မင်းအတွက် ကလေးတစ်သိုက် မွေးခိုင်းလိုက်။ မကြာခင် မင်းအစ်ကိုကြီးထက်တောင် ပိုချမ်းသာသွားလိမ့်မယ်။”

Tang  Li  မှာ နောက်ဆုံးတွင် ရယ်မောလိုက်တော့သည်။ "အဲ့ဒီအကြံကောင်းတယ်။ အကြံကောင်းပဲ။"

စာအိတ်နီများ ကျေးဇူးဖြင့် ပြန်ဆုံပွဲညစာမှာ ပြန်လည်အသက်ဝင်လာပြန်သည်။ Tang  Li  မှာ ငေးငိုင်နေခြင်း ရပ်လိုက်ပြီး  စာအိတ်များနီကို ဂရုတစိုက် သိမ်းဆည်းကာ ခွက်မြှောက်လိုက်သည်။ "အစ်ကိုကြီး၊ ငါမင်းကိုဆုတောင်းပေးမယ်။"

Long Feiye မှ ဝိုင်သောက်သည်မှာ ရှားပါးလှသော်လည်း Tang Li နှင့် ခွက်ကြီးသုံးလုံး သောက်ကာ ယနေ့ညတွင် ထုံးစံကို ချိုးဖျက်ခဲ့သည်။ Tang Li မှာ အခြားသူများအားလုံးအတွက် ဆုတောင်းပေးရန် စတုတ္ထခွက်တွင် ငှဲ့လိုက်လျှင် Gu Qishao မှ သူ့ကို ရပ်တန့်လိုက်သည်။ "မင်းက ဖခင်တစ်ယောက်ဖြစ်တော့မှာ၊ မင်းငါ့ကို စိတ်ရင်းစေတနာ မပြသေးဘူးလား။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now