အခန်း(၁၁၈၅)

276 30 2
                                    

အခန်း(၁၁၈၅)

သူတို့ အားလုံး လူလိမ်တွေပဲ။ ငါက အရူးပဲ။







Long Feiye မှာ ကောင်းကင်တစ်ခုလုံး ညအမှောင်ထု လွှမ်းခြုံလာချိန်အထိ ထိုနေရာ ရပ်နေခဲ့သည်။ကမ္ဘာကြီးတစ်ခုလုံး မှောင်မိုက်သွားချိန်တွင်ပင် Gu Qishao မှာ မလှုပ်ရှားသေးပေ။ 

သေလုမျောပါး ဖြစ်နေသည့် လူတစ်ယောက်အစား သူက သေပြီးသားလူတစ်ယောက်ကဲ့သို့ ထင်ရစေသည်။

နောက်ဆုံးတွင်၊ Long Feiye မှာ လမ်းလျှောက်သွားသော်လည်း သူက Gu Qishao ၏ ရှေ့တွင် မတ်တပ်ရပ်နေသည့်တိုင် တုံ့ပြန်မှု မရှိခဲ့ပေ။ အလွန်နီးကပ်နေသော်လည်း၊ Long Feiye မှာ မြေပြင်ပေါ်သို့ ခေါင်းငုံ့နေဆဲဖြစ်သည့် ထိုအမျိုးသား၏မျက်နှာကို မမြင်နိုင်ပေ။ ထိုအစား၊ အထဲမှ သူက ရောက်လာသည်ကို သတိထားမိပြီး အံ့သြနေခြင်း မရှိပဲ Gu Beiyue မှာ ထွက်လာလေသည်။

Long Feiye မှာ နောက်ဆုံးတွင် ရောက်လာမည်မှန်း သူက သိနေသည်။

"သူ ဘာဖြစ်နေတာလဲ။" Long Feiye မှာ မေးသည်။

Gu Beiyue မှာ ကလေးငယ်လေးတစ်ယောက်ကို ကြည့်နေသကဲ့သို့ နူးညံ့သောမျက်လုံးများဖြင့် Gu Qishao ကို ကြည့်လိုက်သည်။ "သူအိပ်သင့်တယ်ထင်ပါတယ်။ ပြီးခဲ့တဲ့လတစ်လလုံး သူက တစ်ကြိမ်မှာ တစ်ရက်ကနေ နှစ်ရက်လောက် အိပ်ပါတယ်။”

Long Feiye မှ  ချက်ချင်း မျက်ခုံးကျုံ့လိုက်စဥ် Gu Beiyue က အားကိုးရာမဲ့ ပြုံးလိုက်လေသည်။ “မတတ်နိုင်ဘူး။ သူက တစ်နေ့ ဆက်အိပ်နေပြီး ဘယ်တော့မှ မထလာတော့တာ ဖြစ်နိုင်တယ်။ သူ့အတွက်၊ အဲဒါက ဒီညှဉ်းပန်းနှိပ်စက်မှုရဲ့အဆုံးသတ်လို့ မှတ်ယူနိုင်ပါတယ်။”

"Gu Qishao ထတော့…” Long Feiye မှာ ရုတ်​တရက်​ ပြောလိုက်သည်။

သို့ရာတွင် Gu Qishao မှာ မလှုပ်မယှက်ပေ။ Gu Beiyue မှာ ဆေးဖန်တီးရန် အခန်းများသို့ တိတ်တဆိတ် ပြန်သွားလိုက်သည်။ Gu Qishao မှာ အချိန်မရွေး ပျောက်ကွယ်သွားပြီး သစ်ပင်တစ်ပင်အဖြစ်သို့ ပြောင်းလဲသွားနိုင်သည်ကို သိနေသော်လည်း သူက လက်မလျှော့သေးပေ။ Long Feiye မှာ သူ၏ နောက်မှ လိုက်လာလျှင် အခန်းတွင်း၌ ဆေးဖက်ဝင်ပစ္စည်းများနှင့် Gu Beiyue ၏ လက်ရေးဖြင့်ရေးထားသော မှတ်စုများ ပြည့်နေသည်ကို တွေ့လိုက်ရသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now