အခန်း(၁၀၆၄)

269 26 1
                                    

အခန်း(၁၀၆၄)

ကံမကောင်းစွာဖြင့်  လုံဖေးယဲ့က ဆန္ဒ မရှိဘူး။







ဘဝတွင် ကြီးမားသော အဖြစ်အပျက်များဖြင့် ပြည့်နှက်နေသည်။ 

သို့ရာတွင် တစ်ချို့လူများအတွက်မူ သူတို့၏ အိပ်မက်ထဲမှ အမျိုးသားဖြင့် တွေ့ဆုံရခြင်းမှာ ဘဝတွင် အရေးကြီးဆုံး ဖြစ်ရပ်တစ်ခုပင်။ အလှပဆုံးနှင့် အကောင်းဆုံးအမှတ်တရများသာ ထားခဲ့လိမ့်မည်။ အကယ်၍ သူတို့က ထိုသူများကို မရနိုင်လျှင်တောင် သူ့အတွက် တစ်စုံတစ်ရာ ပေးအပ်နိုင်သည်။ ကံမကောင်းစွာဖြင့် သူက သူတို့ ပေးအပ်သမျှ မည်သည့်အရာမှ မယူလျှင်တောင် အနည်းဆုံးတော့ သူတို့၏တည်ရှိမှု အထင်အမြင်ကောင်းအား သူ့ထံ ထားခဲ့နိုင်သည်။

အနည်းဆုံး ဤနည်းဖြင့် သူတို့လို မိန်းကလေးမျိုး ဒီကမ္ဘာတွင်  ရှိခဲ့မှန်း သူသိလိမ့်မည်။

Cang Xiaoying  မှာ Long Feiye ၏ မျက်လုံးများတွင် သူမ၏ ပုံရိပ်မှာ ပျက်ပြားနေပြီဖြစ်ကြောင်း သိသော်လည်း အတတ်နိုင်ဆုံး ဆယ်တင်ရန် ကြိုးစားနေဆဲပင်။ အနည်းဆုံးတော့ သူမ လုံးဝ မဖျက်ဆီးချင်ပေ။ ကံမကောင်းစွာဖြင့် ခက်ထန်သောအသံတစ်သံမှာ မကြာခင်ပင် သူမ၏နောက်ဆုံးအိပ်မက်ကို ပြိုပျက်သွားစေလေသည်။

“အကြီးဆုံး သခင်မလေးချန် မင်းက မိစ္ဆာဓါးဂိုဏ်း တပည့်တွေကို တောင်ထိပ် ခေါ်ဖို့ Gong Beichen နဲ့ ပထမဆုံး ပူးပေါင်းခဲ့တာ မဟုတ်လား။ အခုဘာလဲ.. မင်းက ဘက်ပြောင်းချင်တာလား။” ပြောလိုက်သူမှာ ကောင်းကင်ယံတောင်၏ ဓါးထိန်းသိမ်းရေးအဆောင်မှူး ဒုတိယအကြီးအမှူးမှလွဲ၍ အခြားသူမဟုတ်ပေ။ သူက မြေပြင်ပေါ်တွင် ဓားသုံးချောင်းကို ပစ်ချကာ လူအုပ်ထဲမှ ထွက်လာခဲ့သည်။ Long Feiye မှာ ဓားသွားများကို ဂုဏ်ထူးဆောင် အကြီးအကဲများ၏ လက်နက်သုံးခုအဖြစ် မှတ်မိလိုက်သည်။ 

Long Feiye ဆီသို့ လှမ်းကြည့်နေစဉ် Cang Xiaoying ၏ မျက်နှာမှာ ရှက်ရွံ့ နီမြန်းနေသော်လည်း သူက သူမ၏ အရေးကိစ္စများကို အနည်းငယ်ပင် အာရုံမရှိပေ။ နောက်ဆုံးတွင် မလိုအပ်သော အချစ်တစ်ခုကို သူမ ဘယ်လောက်ထိ တောင့်တနေခဲ့မှန်း  သဘောပေါက်သွားတော့သည် ။ သူမက နောက်ဆုံးတွင် သူ့ထံ အမြင်ကောင်းအချို့ ထားခဲ့နိုင်မည်ဟု ထင်ခဲ့သော်လည်း သူက သူမကို လေကဲ့သို့သာ သဘောထားနေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now