အခန်း(၁၀၅၀)

283 35 2
                                    

အခန်း(၁၀၅၀)

ဘာဖြစ်သွားတာလဲ။







အစောင့်များ၏ တောင်းဆိုမှုများဖြင့် ရင်ဆိုင်ရလျှင် Bai Yuqiao ထံ တခြားရွေးချယ်စရာ မရှိတော့ပေ။သို့သော် သူမက အစောင့်အား စူးစူးစိုက်စိုက်ကြည့်၍ နောက်လှည့်ကာ ခြေထောက်များ  ဆွဲသွားလိုက်သည်။ "ခဏစောင့်..”

Bai Yuqiao မှ တံခါးပိတ်၍ ကန့်လန့်ကာ နောက်သို့ လှမ်းကြည့်လိုက်လျှင် ကလေးငယ်အား ချီထားကာ ပါးပြင်ချင်း ထိကပ်ထားသည့် Ning  Jing မှ လွဲ၍ အခန်းထဲရှိ လူတိုင်းမှာ သူမထံ လှမ်းကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ အမေနှင့်သမီးမှာ ကမ္ဘာပေါ်တွင် မည်သည့်အရာမှ မနှောင့်ယှက်နိုင်သကဲ့သို့ ထူးထူးခြားခြား ငြိမ်သက်နေကြသည်။

Mu Linger မှာ အသံတိတ် ငိုကြွေးနေရင်း Bai Yuqiao ထံ ခေါင်းခါပြနေသည်။ သားဖွားဆရာမနှင့် အစေခံမိန်းကလေး နှစ်ယောက်စလုံးမှာလည်း သနားစရာကောင်းစွာ ခေါင်းခါပြ နေကြသည်။ Bai Yuqiao မှာ အချိန်အတော်ကြာအောင် မတ်တပ်ရပ်နေရင်း အဆုံးသတ်သွားသည်။ စက္ကန့်အနည်းငယ်ဆိုလျှင်ပင် Ning Jing နှင့် ကလေးငယ်အတွက်၊ သူတို့အတွက် တိုက်ပွဲဝင်ချင်ခဲ့သည်။

သို့တိုင် မကြာခင်တွင် ခေါင်းဆောင်မှာ သူမအား ထပ်မံ ဖိအားပေးလာပြန်သည်။ "မိန်းကလေးပိုင် ငါတို့က စောင့်နေရတာ ကိစ္စမရှိပါဘူး။ ဒါပေမယ့် အရှင့်သားခန်ဝမ် အတွက် သိပ်အကြာကြီး မနှောင့်နှေးပါနဲ့။"

"မိန်းကလေးပိုင် မင်းလည်း အရှင့်သား ခန်ဝမ်ရဲ့ ဒေါသကို သိတာပဲ။"

“Mu Linger ကလေးကို လွှဲပေးလိုက်။ ဘာမှ ထိခိုက်မှု ရှိလာမှာ မဟုတ်ဘူးလို့ ကတိပေးတယ်။မဟုတ်ရင်... ဟီးဟီး။"

မှတ်ချက်ကြောင့် Ning Jing ၏ ခေါင်းမှာ ယမ်းခါသွားကာ လူသတ်ရန် ရည်ရွယ်ချက်ဖြင့် သူမ၏ မျက်လုံးများမှာ တဖျပ်ဖျပ်လက်သွား တော့သည်။ Mu Linger မှာ အလွန် ဒေါသထွက်လာကာ ကုတင်ပေါ်မှ ခုန်ဆင်း၍ အော်လိုက်လေသည်။ “အဲဒီ **မ သားကို သတ်ပစ်မယ်။"

"နင် သေလမ်း ရှာနေတာလား။" Bai Yuqiao မှာ သူမအား ဆုံးမလိုက်လေသည်။

Mu Linger မှာ နှုတ်ခမ်းများ စေ့ကာ အိပ်ယာခင်းများထဲသို့ လှည့်ကာ မြှုပ်နေလိုက်သည်။ အကယ်၍ သူမက ကြည့်ရန် သို့မဟုတ် နားထောင်ရန် ငြင်းဆိုပါက မည်သည့်အရာမှ ဖြစ်မလာပဲ နေမည်လော။ Bai Yuqiao မှာ Ning Jing ၏ အနားသို့ တစ်လှမ်းချင်း ချဉ်းကပ်သွားသည်။ Ning Jing မှာ ကြောက်ရွံ့ဖွယ်ကောင်းအောင် မှောင်မိုက်နေသော အကြည့်ဖြင့် သူမထံ ခက်ထန်စွာ စိုက်ကြည့်နေသည်။ မီးဖွားခြင်းမှာ သူမအား အလွန် ပင်ပန်းစေသည်လား မသိနိုင်သော်လည်း အသက်နှစ်ဆယ်ကျော် ငယ်ရွယ်သည့် အမျိုးသမီးတစ်ဦးဖြစ်သည့်တိုင်  ရုတ်တရက် အသက်ကြီးလာသကဲ့သို့ ခံစားရစေသည်။ 

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now