အခန်း(၁၀၆၇)
အလွန်တရာ ရှင်းထွေးသော ခံစားချက်များ။
အဘွားယူမှာ နောက်ဆုံးတော့ Gu Qishao ကို သတိရသွားတော့သည်။
"ဖေးယဲ့.. သခင်လေးချီ၊ မှာ တစ်ခုခုဖြစ်သွားတယ်။ မြန်မြန် ငါနဲ့လိုက်ခဲ့…" အဘွားယူမှ တိုက်တွန်းလိုက်သည်။
Long Feiye မှာ စိတ်မပူသော်လည်း Han Yunxi မှာ စိုးရိမ်မှုများ တိုးလာသည်။ "သူ ဘာဖြစ်သွားတာလဲ။"
Gu Qishao တွင် သူ့ကိုယ်သူ ကာကွယ်ရန် မော့ရှဲ ဓားဝိဥာဉ်နှင့် အဆိပ်များရှိသောကြောင့် မိစ္ဆာဓားဂိုဏ်းအကြီးအကဲ သုံးဦးကို ကိုင်တွယ်ဖြေရှင်းရန် သူ့အတွက် စိန်ခေါ်မှုတစ်ခု မဖြစ်သင့်ပေ။
"ငါလည်းမသိဘူး၊ မင်းတို့အားလုံး ငါနဲ့လိုက်ခဲ့သင့်တယ်။" အဘွားယူမှာ ပြောရင်းဆိုရင်း သူမ၏ ခြေလှမ်းများအား နောက်ကြောင်းပြန်လှည့်သွားလျှင် လူတိုင်းမှာ နောက်မှ လိုက်သွားကြသည် ။ သို့သော် Gu Qishao မှာ သူတို့ဆီ ဦးတည်လာနေသည်အား မြင်လိုက်ရချိန်တွင် သူတို့က ဝေးဝေး မရောက်သေးပေ။
"သူ ဘာဖြစ်သွားတာလဲ။" Long Feiye မှာ နောက်ဆုံးတွင် မေးလိုက်သည်။
“အရင် ငါ သူ့ကို ခေါ်လာတုန်းကတော့ ရုတ်တရက် သတိလက်လွတ် ဖြစ်သွားပြီး အဲဒီမှာ မလှုပ်မယှက် ရပ်နေတာ…။ ငါဘာလိုလုပ်လုပ် သူက မတုံ့ပြန်တော့ဘူး။ ဒါပေမယ့် အခုဘာလို့လဲ…” အဘွားယူမှာ ကြည့်နေရင်း အံ့သြနေသည်။ Gu Qishao မှာ လုံးဝပုံမှန်ဖြစ်နေပုံရသည်။
Long Feiye မှာ စကားမပြောသော်လည်း Gu Qishao မှ အနားရောက်လာချိန်တွင် ကျန်အဖွဲ့သားများမှာ တစ်ခုခုမှားနေပြီမှန်း သိလိုက်ကြသည်။အဘွားယူနှင့် ဂုဏ်ထူးဆောင် အကြီးအကဲ နှစ်ယောက်မှာ သိပ်သဘောမပေါက်သော်လည်း Gu Qishao ၏ အဖော်များမှာ ၎င်းကို ချက်ချင်း သတိထားမိလိုက်သည်။ ယင်းအစား၊ Long Feiye ထံ သူ၏ အကြည့်များမှာ သာမန်မဟုတ်ပေ။ အကယ်၍သာ အခြားနေ့ဖြစ်ခဲ့လျှင် Gu Qishao မှာ Long Feiye ကို မျက်နှာတည့်တည့် စိုက်ကြည့်မည်မဟုတ်ပေ။အနည်းဆုံး၊ မျက်လုံးချင်းမဆိုင်ပဲ… သူ့ကို လှည့်ပတ်ကြည့်ရန် သို့မဟုတ် မထီမဲ့မြင်ပြုကာ စိုက်ကြည့်ရန် ကြိုးပမ်း နေလိမ့်မည်။ သို့သော် ဤ Gu Qishao မှာ Long Feiye ထံမှ တစ်စက္ကန့်မျှ သူ၏ မျက်လုံးများကို မလွှဲခဲ့ပေ။ ရှည်လျားကျဉ်းမြောင်းသော မျက်လုံးများမှာ ၎င်းတို့အတွင်းတွင် ဖော်မပြနိုင်သော ခံစားချက်များ ပါဝင်နေသည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...