အခန်း(၁၁၀၆)

256 30 2
                                    

အခန်း(၁၁၀၆)

လုံဖေးယဲ့၏ နောက်ဆုံးသော ဆင်ခြင်တုံတရား။






Long Feiye မှာ ကျိုးကြောင်းဆီလျော်မှု အနည်းငယ် ကျန်နေသေးသည့်တိုင် မူမျိုးနွယ် စစ်သားများမှာ သူ့အတွက် မျှော်လင့်ချက် မပေးနိုင်ပေ။

“ဒီနှိမ့်ကျတဲ့သူ…. ဒီနှိမ့်ကျတဲ့သူက မသိပါဘူး… ဘာမှ မသိထားရပါဘူး။ အရှင့်သားချင်ဝမ် သနားပါ အား…  သက်ညှာပေးပါ…”

စစ်သားမှာ အလွန်စိတ်လှုပ်ရှားနေသဖြင့် Long Feiye ကို ချင်ဝမ် ဟုပင် ခေါ်ဝေါ်ခဲ့သည်။ Long Feiye မှာ ငယ်စဉ်ကပင် ဤနန်းမြို့တော်၌ ပထမအဆင့်မင်းသားအဖြစ် အပ်နှင်းခံခဲ့ရပြီး ချင်ဝမ်အဖြစ် နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည်။ ဤနေရာရှိ မည်သည့်အင်အားမဆို သူ့ကို လေးစားကာ ကြောက်ရွံ့ထိတ်လန့်ရသည်။ အပေါ်ယံတွင် တောက်ပပြီး သပ်ရပ်သည့် မြို့ဖြစ်သော်လည်း သူကိုယ်တိုင်သာ သိနိုင်သည့် ခါးသီးမှုများစွာ ဖုံးကွယ်ထားခဲ့သည်။ 

သုံးပြည်ထောင်မှ ငြိမ်းချမ်းသွားသောအခါတွင် အခြားသူများမှာ အတိတ်ကို လွမ်းဆွတ်နေကြဆဲ ဖြစ်ကောင်းဖြစ်နိုင်သည်။

"မင်းမပြောဘူးလား။" Long Feiye မှာ မျက်ခုံးပင့်လိုက်သည်။

" ဒီနှိမ့်ကျတဲ့သူက ဘာမှ မသိပါဘူး။ မဟာစစ်သူကြီးက သူ၏နည်းလမ်းတွေကို ဇွတ်အတင်း ဖက်တွယ်နေပြီး မျိုးနွယ်အကြီးအကဲတွေတောင် သူ့ကို နားမချနိုင်ပါဘူး။ ဒီနှိမ့်ကျတဲ့သူက…...” 

သူက စကားမဆုံးခင် Long Feiye မှာ သူ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လျှင် အသက်ရှူကျပ်ကာ သေသွားရတော့သည်။

အနောက်ဘက်တံခါး တစ်ခုလုံးတွင် သွေးများစွန်းထင်းနေပြီး အလောင်းများ မြေပြင်တွင် ပြန့်ကျဲကာ ဝမ်းနည်းကြေကွဲစေနိုင်သည့် မြင်ကွင်း ဖြစ်နေသည်။Long Feiye မှာ အဝင်ဝတွင် ရပ်နေသည်။ သူ၏ ရုပ်သွင်မှာ လရောင်ကို ဆန့်ကျင်ကာ အေးစက်နေသည်။ အားလုံး တိတ်ဆိတ်နေသော်လည်း သူ၏ ဓားမှာ အဆက်မပြတ် တုန်ခါနေလေသည်။

Gu Beiyue မှာ စိတ်မကောင်းဖြစ်ရကာ သူ့ကို ရပ်တန့်ဖို့ရန် ချော့မော့ချင်သော်လည်း Long Feiye မှာ သူ၏ ဖနောင့်ကို လှည့်ကာ နန်းတော်ဆီ ဦးတည်သွားလေသည်။ အဝင်ဝတွင် သူက ဂိတ်တံခါးများကို စောင့်ကြပ်နေသော မူမျိုးနွယ် ၏ တပ်ရင်းသုံးတပ်ဖြင့် တွေ့သော်လည်း Mu Yuanbo အား မတွေ့ရပေ။ သို့တိုင်.. ပိတ်ဆို့နေသော ဝင်ပေါက်ကြောင့် Long Feiye မှာ သွေးဆာနေသကဲ့သို့ ပြုံးလိုက်လေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now