အခန်း(၁၀၁၁)

255 35 4
                                    

အခန်း(၁၀၁၁)

ပျောက်သွားပြီ…. အဲဒီလိုပဲလား။








ဟွမ်ကွေ့ဖေးက အဆိပ်ပြင်းတဲ့ မြွေကိုက်ခံရတယ်။

နန်းတော်မှာ အဆိပ်ပြင်းတဲ့မြွေတွေ ဘယ်လိုရှိနိုင်မလဲ။ ထို့အပြင်၊ ဆောင်းတွင်းအလယ်တွင် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ ဘယ်ကလာသည်နိုင်လဲ။ Long Tianmo မှာ ဤကိစ္စအားလုံးတွင် Mu Liuyue ၏လက်ချက်မှန်း ချက်ချင်း သတိပြုနိုင်သည်။

“ တကယ်လို့ ကိုယ်တော်က တရားခံကို ရှာတွေ့ရင် သူတို့ကို ဘယ်သူဘယ်ဝါဆိုတာ ထောက်ထားပြီး ဘယ်လို သနားညှာတာမှုမှ ပြမှာမဟုတ်ဘူး။” သူက ပြောပြီးနောက် Duanmu Jin ၏ သန့်စင်သစ်ခွနန်းဆောင်ဆီ အလျင်အမြန် ထွက်သွားလိုက်သည်။

စစ်သူကြီးမူနှင့် Mu Qingwu တို့မှာ နှစ်သက်သလို မောင်းမဆောင်ထဲသို့ မဝင်နိုင်ကြသဖြင့် စစ်သူကြီးမူမှာ သားဖြစ်သူအား တည်ငြိမ်သောအသံဖြင့် ပြောလိုက်သည်။ “ပြန်ကြရအောင်။”

Mu Qingwu မှာ ဖခင်ဖြစ်သူနောက်မှ နာခံစွာ လိုက်လာခဲ့သော်လည်း မကြာမီပင် သူက စာကြည့်ဆောင်မှ ထွက်လာပြီးနောက် ပြောလိုက်သည်။ "အဖေ၊ Liuyue က အရမ်း မတော်မလျော် ပြုမူလွန်းတယ်။"

စစ်သူကြီးမူမှာ ပြန်မဖြေပဲ ဆက်လျှောက်လာသည်။အကယ်၍ ဤအရာသည် အတိတ်ဖြစ်ခဲ့လျှင် သူက ကြမ်းတမ်းခက်ထန်သော အမူအရာဖြင့် ဟန်ဆောင်ကာ Mu Liuyue အား သူမ၏ အမှားများအတွက် ကျယ်လောင်စွာ ဆုံးမနေလိမ့်မည်။ သို့သော် ဟန်ဆောင်ကစားနေရန် မလိုအပ်တော့ပေ။ အကယ်၍ စစ်သူကြီးတစ်ဦးမှာ နိုင်ငံရေးတွင် တည်ငြိမ်အေးဆေးစွာ ကြံဆောင်ရန် စိတ်နှလုံးရှိလျှင် သူ၏အချုပ်အခြာအာဏာပိုင်မှာ သူ၏ ဖြစ်တည်မှုအား ကြောက်ရွံ့နေရလိမ့်မည။ သို့သော်လည်း သူ၏ မူမျိုးနွယ် တပ်ဖွဲ့များမှာ Long Tianmo အား ကြာမြင့်စွာကပင် မျက်စိကျ နေကြသည်။ ထုံးစံအတိုင်း နှစ်ပေါင်းများစွာ သူက ဝတ်ထားသော မျက်နှာဖုံးအား ဖြုတ်ပစ်ရလိမ့်မည်။

အကယ်၍ ထျန်းနင်သည် ပြည်တွင်းမငြိမ်မသက်မှုအဖြစ် မည်သည့်အချိန်ကမှ ပြိုကွဲခဲ့ခြင်း မရှိပဲ တိမ်တိုက်ကုန်းမြေကြီးမှာ  ငြိမ်းချမ်းစွာ ဆက်လက်တည်ရှိနေနိုင်လျှင် သူက တစ်သက်လုံး ဟန်ဆောင်နေလိမ့်မည်။ သို့တိုင် ကိစ္စများမှာ ဤသို့ဖြစ်လာပြီး ယခုအချိန်မှာ သူ၏ အဖိုးတန်သမီးမှာ Long Tianmo ဖြင့် ထိမ်းမြားခဲ့သည့် အတွက်ကြောင့် သူမက ထိုသို့ မှားယွင်းခံရသည်အား မခံနိုင်ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now