အခန်း(၁၁၅၂)

259 25 0
                                    

အခန်း(၁၁၅၂)

လုံဖေးယဲ့၏ တောင်းဆိုချက်များ။






လူတစ်ယောက်နဲ့ လဲလှယ်မလား။

Han  Yunxi မှာ အံ့အားသင့်သွားတော့သည်။ သူမ အဖေ၏ မျက်လုံးထဲတွင် မျက်ရည်စက်ကိုးနှင့် Bai Yanqing ဖြင့် ထိုက်တန်သူမှာ ဘယ်လိုလူမျိုးလဲ။Bai Yanqing မှာ တန်ဖိုးမရှိနိုင်သော်လည်း သူတို့က အဆိပ်မျက်ရည်စက်များကို ဘယ်သူမဆိုအတွက်မျှ မစွန့်လွှတ်နိုင်ပေ။

"ဘယ်သူလဲ။" Han Yunxi မှ မေးလိုက်သည်။ Han Chen မှာ အလွန်အေးစက်သောကြောင့် သူမလည်း နွေးထွေးနေမည် မဟုတ်ပေ။

“အရင်က အမျိုးသမီးတစ်ယောက် မီးအိုင်ထဲကို ပြုတ်ကျလာတယ်။ ဒီဂုဏ်သရေရှိလူက ဖြတ်သွားမိရင်း ကယ်ခဲ့တယ်။”

Han Yunxi ၏စကားများမှာ ပေါ့ပေါ့ပါးပါးပင် ဖြစ်သော်လည်း Han  Yunxi တို့အဖွဲ့မှာ အေးစက်စွာ အသက်ရှူလိုက်သည်။ စိုးရိမ်တကြီးဖြင့် Han Yunxi မှ မေးလိုက်လေသည်။ “ Ning Jing လား။ သူမ မဟုတ်လား။"

Han Chen  မှာ မျက်ခုံးတွန့်လိုက်သည်။ ယခင်အတိုင်း တည်ငြိမ်နေဆဲ Long Feiye အပြင် Gu Beiyue နှင့် Gu Qishao ပင် ဝမ်းသာနေဟန်တူသည်။ ပထမတစ်ယောက်မှာ တည်ငြိမ်မှုအချို့ရှိ သေးသော်လည်း နောက်တစ်ယောက်မှာ သူ၏ အတွင်းစိတ်အတွေးများကိုပင် လုံးလုံးလျားလျား ဖော်ပြနေသည်။ ထိုအချိန်တွင် သူ၏ သမီး Han Yunxi မှာ မိမိကိုယ်ကို ထိန်းသိမ်းရန် မေ့နေလေသည်။

ဒီလူငယ်တွေအားလုံးထဲမှာ Long Feiye က ငါ့ကို အကျေနပ်စေဆုံးပဲ။ ကျေးဇူးတင်စရာ သူက ငါ့သားမက်ဖြစ်နေတာ။ တစ်ခြားသူတွေကို ငါက အသိအမှတ်မပြုချင်ဘူး။

Han  Yunxi ၏ ကိုယ်ပိုင်အရည်အချင်းများမှာ မည်သို့ပင်ရှိစေကာမူ အနည်းဆုံးတော့ သူမက ခင်ပွန်းကောင်းတစ်ယောက်ကို ရွေးချယ်ထားသည်။

Han  Chen မှ နှုတ်ဆိတ်နေသည်ကို မြင်လိုက်ရသဖြင့် Han  Yunxi မှာ စိုးရိမ်စိတ်များ တိုးလာကာ သူမ၏ နှလုံးခုန်ရပ်သွားတော့မတတ်ပင်။ သူမက များသောအားဖြင့် ထိုသို့မဟုတ်သော်လည်း ဤကိစ္စမှာ အလွန်အရေးကြီးနေသည်။ ကိုယ့်ကိုကိုယ် မထိန်းနိုင်ပဲ Han Chen ၏ ရှေ့သို့ ပြေးသွားကာ တောင်းဆိုလိုက်သည်။ " Ning Jing ဟုတ်လား၊ မဟုတ်လား။ မြန်မြန်ပြောပါ မြန်မြန်…"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now