အခန်း(၁၀၇၃)

278 29 2
                                    

အခန်း(၁၀၇၃)

ဟန်ယွင်ရှီးနဲ့ အတူ မြှုပ်ခံရဖို့ စောင့်နေလိုက်။






Ning Cheng မှာ ထွက်လာသည်နှင့် အဆိပ်အစောင့်များမှာ တားဆီးကာ သူ့အား အားနည်းကာ ဒူးထောက်ကျသွားစေသည့် အဆိပ် လွှတ်လိုက်သည်။ မကြာခင်တွင် သူက သတိလစ်ပြီး မေ့လဲသွားတော့သည်။

"အဆိပ်​ကို​ ကုပေးလိုက်၊ အသက်​ရှင်​​လျက်ထား…” Jun Yixie မှာ သူတို့ထံ အော်ဟစ်လိုက်သည်။ သူ၏ မျက်လုံးများမှာ ရူးသွပ်ခါနီး သားရဲကဲ့သို့ သွေးရောင်နီမြန်းနေသည်။ သူက Ning Cheng ထံ အခွင့်အရေးများစွာကို ပေးခဲ့ပြီး မဟာမိတ်ဖွဲ့ရန် ကမ်းလှမ်းမှုများတွင် စိတ်ရင်းမှန်ဖြင့် ရိုးသားခဲ့သည်။

ဘာကြောင့်လဲ….

Ning Cheng က ဘာလို့ ငါ့ကို ဆက်တိုက် လှည့်စားနေတာလဲ။ Han Yunxi လို သုံးပြီးသား ဒီဖိနပ်တစ်ရံက ဘယ်လောက်ကောင်းလို့လဲ။ Ning Cheng က ဘာလို့ ဒီလောက်သစ္စာရှိ နေရတာလဲ။

Jun Yixie မှာ နားမလည်နိုင်သည့်အတွက် နောက်ထပ် မတွေးမိချင်တော့ပေ။ 

"သူက အတူတူသေချင်နေတာမလား။" Jun Yixie မှာ နှာခေါင်းရှုံ့လိုက်သည်။ “ကောင်းပြီ Ning Cheng၊ ဒီအရှင်က မင်းကို ကူညီမှာ။ မင်းစောင့်နေ…။ မင်းနဲ့အတူ Han  Yunxi  ကို အဖော်လုပ်ပြီး  သေချာပေါက် သေခိုင်းမယ်။ ကျိန်းသေ…"

ဒဏ်ရာရနေပြီဖြစ်သော်လည်း ထိုသို့ အော်ဟစ်နေမှုများကြောင့် Jun Yixie မှာ မတ်တပ်ရပ်ရန် မဖြစ်နိုင်တော့ပေ။ ခြေလှမ်းအနည်းငယ်ကို နောက်ပြန်ဆုတ်လိုက်ရင်း မြေပြင်ပေါ်သို့ လဲကျကာ ဒေါသတကြီး ဖြစ်နေဆဲပင်။ သူက Ning  Cheng  ထံ စိုက်ကြည့်ရင်း အော်ဟစ်လိုက်သည်။ "Ning  Cheng ဒီအရှင်က မင်းကို ကျိန်းသေ နောင်တရစေမယ်။ မင်းရွေးချယ်မှုအတွက်  သေချာပေါက် စိတ်ဆင်းရဲစေရမယ်။သေချာပေါက်…"

ထို့နောက် သူက အားကုန်ကာ မြေပြင်ပေါ်တွင် လဲကျသွားတော့သည်။ သူ၏ အူမှဒဏ်ရာမှာ ပြင်းထန်ပြီး ဖိထားသည့်တိုင်အောင် ဒဏ်ရာမှ သွေးများ စိမ့်ထွက်လာလေသည်။ မကြာမီ သူ၏ အဝတ်အစားများ စွန်းထင်းသွားကာ မြေပြင်ပေါ်တွင် သွေးကွက်တစ်ခု ဖြစ်ပေါ်လာသည်။ 

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now