အခန်း(၁၀၅၄)

222 24 0
                                    

အခန်း(၁၀၅၄)

သစ္စာဖောက်မှု မဟုတ်၊ ဆွဲဆောင်ခြင်း။








အစောင့်မှာ ဦးလေးချန်ကို အချုပ်ခန်းတံခါးဆီ ခေါ်သွားလျှင် Jun Yixie မှာ နောက်ကနေ လိုက်သွားလေသည်။ သူ၏ ရွေးချယ်မှုကို ရုတ်တရက် နောင်တရပြီးနောက် အစောင့်ကို ဖယ်ရှားကာ ဦးလေးချန်တစ်ယောက်တည်း ၀င်ရောက်စေလိုက်သည်။သစ္စာဖောက်အကြောင်း Ning Cheng ထံ ပြောပြသည့်နှင့် နှိုင်းယှဥ်လိုက်လျှင် ထိုသူမှ လှည့်စားသည်မှာ ပိုကောင်းနိုင်သည်။ ဒီထက် ပိုကောင်းသည့် ပြပွဲတစ်ခုဆီကို ဦးတည်သွားနိုင်သည်။

"မင်းကိုယ်​တိုင်​ ဝင်​သွား။ ဒီအရှင်က မင်းရဲ့ သေရေးရှင်ရေးကို မဆုံးဖြတ်နိုင်ဘူး၊ Ning Cheng ကပဲ လုပ်နိုင်တယ်။” Jun Yixie မှာ သူ့ကို တံခါးဝမှ ကန်ထုတ်ကာ ပြောလိုက်သည် ။

ဦးလေးချန်မှာ သူက ဘာကိုဆိုလိုသည်ကို နားမလည်သော်လည်း လျင်မြန်စွာ ထကာ အကျဉ်းခန်းထဲသို့ ဂရုတစိုက်ဝင်သွားလိုက်သည်။ Jun Yixie မှာဇာတ်ဝင်ခန်းကို ကြည့်နိုင်ရန် နောက်မှ လိုက်သွာသော်လည်း အရိပ်ထဲတွင် ပုန်းအောင်းနေသည်။ရှည်လျားသော စင်္ကြံလမ်းကို ဖြတ်သွားပြီးနောက် သေးငယ်သော အုတ်တံတိုင်းတစ်ခုဆီသို့ ရောက်လာသည်။ အထဲတွင် ဘာတစ်ခုမှ မရှိပေ။ ညှင်းပန်းနှိပ်စက်သော လှောင်အိမ်နှင့် ၎င်း၏ ဘောင်မှ ကြိုးဖြင့်ဆွဲထားသော အကျဉ်းသားတစ်ယောက်သာ ရှိနေသည်။ လူငါးယောက်မှ ခြောက်ယောက်လောက်မှာ ၎င်းတွင် ကြပ်ညှပ်စွာ ဆန့်နိုင်သည်။

မူလတွင် Jun Yixie မှာ Mu Linger နှင့် Su Xiaoyu တို့အား ဤနေရာတွင် ထားရန် စိတ်ကူးရှိနေသော်လည်း တစ်ယောက်မှာ ကိုယ်ဝန်ရှိနေစဉ် အခြားတစ်ယောက်မှာ နေမကောင်းဖြစ်နေသည်။ အဆုံးတွင် သူက Bai Yuqiao အပေါ် အလွန်အမင်းယုံကြည်ခဲ့ပြီး ဓားစာခံများအားလုံးကို လွတ်မြောက်စေခဲ့သည်။Long Feiye နှင့် Han Yunxi တို့မှာ မြောက်ဘက်သို့ တိုက်ခိုက်လာလျှင် ထိုသူများမှာ သူ၏ တန်ပြန်ချစ်ပ်များ ဖြစ်သင့်သည်။ ယခု သူ့တွင် Ning Cheng သာ ကျန်တော့သည်၊ ၎င်းမှာ တောင်ပိုင်းမှ ဖိအားများကို ကိုင်တွယ်ရန် ဒီမျိုးနွယ် အား ဖိအားပေးရန်ပင်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now