အခန်း(၁၁၂၇)
သူက သူမ ဒါမှမဟုတ် ကလေးကို ဘယ်တော့မှ မတရား ဆက်ဆံမှာ မဟုတ်ဘူး။
Long Feiye နှင့် ကျန်သူများမှာ Bai Yanqing ၏ မသေနိုင်သော ခန္ဓာကိုယ်ကို သူ၏ အဆိပ် စွမ်းရည်လောက် ထိတ်လန့်နေခြင်း မရှိပေ။ Tang Li ၏အသားအရည်မှ မည်းနက်လာသည်ကိုမြင်ရလျှင် Long Feiye နှင့် Gu Beiyue တို့မှာလည်း တူညီသောကံကြမ္မာမှ လွတ်မြောက်မည်မဟုတ်ကြောင်း Gu Qishao မှသိလိုက်သည်။
သူက Bai Yanqing ကို စိုက်ကြည့်ကာ ဟိန်းဟောက်လိုက်သည်။ "ဖြေဆေး။"
"ငါ့ကို လွှတ်ပေး…" Bai Yanqing မှာ ပြန်၍ တုံ့ပြန်လာသည်။
Tang Li မှာ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး အော်လိုက်လေသည်။ “အစ်ကိုကြီး၊ ချီရှောက်၊ မရီး က ဝင်္ကပါထဲမှာ လွတ်နေပြီ။ သူမ ငါတို့ကို မကြာခင် ရှာတွေ့သင့်တယ်။ ငါတို့ တောင့်ခံထားနိုင်သရွေ့..”
သို့သော် သူက စကားဆုံးသည့်နှင့် အေးခဲသွားပြီး ဒူးထောက်ကျသွားတော့သည်။ အနက်ရောင်များမှာ သူ၏ မျက်နှာတွင် ပျံ့နှံ့သွားပြီး စကားပြောရန် မဖြစ်နိုင်တော့ပေ။
“အဆိပ်က တုံ့ပြန်လာပြီ..။” Gu Qishao မှ အော်လိုက်လေသည်။
Han Yunxi မှာ အမှန်ပင် ဝင်္ကပါထဲတွင် ရှိနေသည်။ အဆိပ်မှာ အလွန်ထူထပ်သဖြင့် သူမအတွက် ၎င်းတို့ကို သေချာ ခြေရာခံနိုင်ခဲ့သည်။သို့ရာတွင် သူတို့တွင် အချိန်မရှိတော့ပေ။ Tang Li ၏အသက်စွမ်းအင်မှာ လျင်မြန်စွာ နွမ်းလျလာသည်။Long Feiye မှာ သူ့ကို ကူညီရန် ငုံ့ကြည့်လိုက်လျှင် သူ၏ လက်မှာလည်း အနက်ရောင်ပြောင်းလာသည်ကို တွေ့လိုက်သည်။ သူက လက်ကို စိုက်ကြည့်နေသော Gu Beiyue ထံ တစ်ချက်ကြည့်လိုက်သည်။ သံသယရှိစရာမလိုပဲ အဆိပ်မှာ သူ့ထံတွင်လည်း တုံ့ပြန်လာသည်။
Gu Qishao တွင် ရွေးချယ်စရာ သို့မဟုတ် ဖြုန်းတီးရန် အချိန်မရှိတော့ပေ။ သူက Bai Yanqing ထံ ကြည့်ပြီး ပြောလိုက်သည်။ "လူသုံးယောက်ရှိတယ်။ နှစ်ယောက်အတွက် အဆိပ်ဖြေဆေး အရင်ပေးလိုက်။ကျုပ်က ခင်များကို ဘယ်လိုယုံရမှာလဲ။"
"တကယ်လို့ မင်း ငါနဲ့ ညှိနှိုင်းချင်ရင် မင်း Han Yunxi က မင်းတို့ကို ရှာတွေ့တဲ့အထိ စောင့်နိုင်တယ်။" Bai Yanqing မှာ ရယ်မောနေသည်။ Han Yunxi မှာ သူတို့ကို ရှာတွေ့နိုင်မှန်း သူက သိနေသော်လည်း လောင်းကြေးထပ်ရန် ပျော်ရွှင်နေသည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...