အခန်း(၁၁၉၆)

615 42 4
                                    

အခန်း(၁၁၉၆)

အရူးလုပ်ရန်..







Ning Cheng ၏ ပျောက်ဆုံးမှုမှာ တိမ်တိုက်ကုန်းမြေ တစ်ခွင်၌ အကြီးအကျယ် ဝရုန်းသုန်ကား ဖြစ်သွားစေသည်။ Long Feiye နှင့် Han Yunxi တို့ပင် အံ့ဩသွားကြသည်။ သတင်းကြားရအချိန်တွင် သူတို့သည် Ning Cheng ၏ အစောင့်တပ်ချထားရေး ရွေးချယ်မှုများကို ဆွေးနွေးနေဆဲဖြစ်သည်။ 

Ning Cheng မှာ သူ၏ကိုယ်ပိုင်သဘော အတိုင်း လုပ်ဆောင်ခဲ့ပြီး အရေးကြီးဆုံး သုံးလမ်းသွားဂိတ် အပါအဝင် မြောက်ပိုင်းလီရှိ နေရာအသီးသီးတွင် မဟူရာမျိုးနွယ် နှင့် ကျားစစ်တပ်ကို တပ်စွဲထားစေခဲ့သည်။ ထို့နောက် သူက ထွက်ပြေးသွားသည်။ သူက ဘာကို ဆိုလိုနေသည်လဲ။

သာမာန်စစ်သားများမှာ မြောက်ပိုင်းလီကဲ့သို့နိုင်ငံကို ကိုင်တွယ်နိုင်မည် မဟုတ်ပေ။ မဟူရာမျိုးနွယ် တပ်များနှင့် ကျားတပ်များမှာ သက်တမ်းရင့်အသိုက်မှ မြွေများကဲ့သို့ပင်ဖြစ်ပြီး နင်မျိုးနွယ် တပ်များမှာမူ လူများအား ဘေးဒဏ်မှ ကယ်တင်ပြီးနောက် ထိုနေရာရှိ ပြည်သူများအတွက် နိုင်ငံ့သူရဲကောင်းများ ဖြစ်လာခဲ့သည်။ဤအခြေအနေများအောက်တွင် Long Feiye မှာ မြောက်ပိုင်းလီအား နင်မျိုးနွယ် တပ်များထံ လွှဲပြောင်းပေးရုံအပြင် ရွေးချယ်စရာမရှိပေ။ ၎င်းကို သူက ကြာမြင့်စွာကပင် တွေးထားခဲ့သည်။ မဟုတ်လျှင် Han  Yunxi ထံ မြောက်ပိုင်းဖြင့် ပတ်သက်သော စစ်ရေးကိစ္စအားလုံးကို တာဝန်ယူခွင့် ပေးမည်မဟုတ်ပေ။ 

သီးသန့်အာဃာတများမှာ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်ပြီး၊  စစ်ရေးနှင့် နိုင်ငံရေးသည် ပို၍ ကြီးမားသောကိစ္စဖြစ်သည်။ Long Feiye မှာ အစကတည်းက ၎င်းတို့ကို ဘယ်တုန်းကမှ မရောနှောခဲ့ပဲ ယခုလည်း လုပ်ဆောင်မည်မဟုတ်ပေ။

နင်မျိုးနွယ် တပ်ဖွဲ့များမှာ မြောက်ပိုင်းလီတွင် ကျန်နေရမည်။ ထို့အပြင်၊ သူတို့က မဟူရာမျိုးနွယ်၏ ခွန်အားကို စုပ်ယူရင်း လူတို့၏ယုံကြည်မှုကို ဆက်လက်စုဆောင်းရန် လိုအပ်သည်။ Ning Cheng ကိုယ်တိုင်မှာမူ နေချင်သည်ဖြစ်စေ ထွက်သွားသည်ဖြစ်စေ သူ၏ ကိုယ်ပိုင်ကိစ္စပင်။ အကယ်၍ သူက သူတို့၏ အရက်သောက်ပြိုင်ပွဲတွင် အနိုင်ရလျှင် မြောက်ပိုင်းလီ၏ဘုရင် ဖြစ်လာလိမ့်မည်။ အကယ်၍ သူက ရှုံးသွားခဲ့လျှင် Ning Cheng မှာ ဒီမျိုးနွယ် ၊ နင်မျိုးနွယ် တပ်များနှင့် မြောက်ပိုင်းလီ တို့ကို အုပ်ချုပ်ရန် အရည်အချင်းရှိသော အခြားတစ်ယောက်ကို ထောက်ခံပေးရလိမ့်မည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now