အခန်း(၁၀၈၀)

238 23 0
                                    

အခန်း(၁၀၈၀)

သူတို့ကို အရင်ကယ်၊ လက်ဖက်ရည် နောက်မှသောက်။







Jun Yixie ၏ တောင်းဆိုချက်တွင် ကြံစည်မှုများ ရှိနေနိုင်သည်။

သူက ထောင်ချောက်များ ဘယ်လောက်ချကာ စောင့်နေမည်မှန်း ကောင်းကင်ကသာ သိလိမ့်မည်။ သို့ရာတွင် သူ၏ ဖိတ်ကြားချက်မှာ ဤနေရာသို့ ရောက်လာပြီဖြစ်၍  Long Feiye နှင့် ကျန်သူများမှာ ငြင်းစရာအကြောင်းမရှိပေ။ ထိုအမျိုးသားမှာ သူတို့အတွက် မည်သို့ပင် ပြင်ဆင်ထားပါစေ  သူတို့က သွားရမည် ။ 

“ငါတို့က အချိန်ဇယားအတိုင်း ရောက်လာမယ်လို့ စာပြန်လိုက်။  ငါတို့အတွက် လက်ဖက်ရည်ပြင်ပြီး စောင့်ခိုင်းလိုက်။" Long Feiye မှာ အေးစက်စွာပြောလိုက်သည်။

Jun Yixie မှာ စတုတ္ထလစန္ဒြ ပထမနေ့တွင် တွေ့ဆုံရန် ပြောထားပြီး ယနေ့မှာ တတိယလ၏ ၂၀ ရက်နေ့ပင်။ တစ်နည်းဆိုရလျှင် သူတို့က ပြင်ဆင်ရန် ရှစ်ရက်ရှိနေသည်။ ခရီးသွားချိန်ကို နုတ်လိုက်လျှင် အချိန်တိုလွန်းသည်။ (TN:: စာရေးသူ၏မှတ်ချက်- ရှေးခေတ်က စန္ဒြလတစ်လမှာ ၂၈ ရက်နှင့် ညီမျှသည်။)

သုံးရက်အကြာတွင် Baili Yuanlong နှင့် လက်ထောက်စစ်သူကြီးရွှယ်တို့မှာ နောက်ဆုံးတိုက်ပွဲအစီအစဥ်များနှင့် နည်းဗျူဟာများကို အပြီးသတ်စီစဉ်ပြီး Long Feiye နှင့် Han Yunxi အား ပြန်လည်သုံးသပ်ရန် တင်ပြခဲ့သည်။ နှစ်ဦးမှာ ပုဂ္ဂိုလ်ရေး သဘောထားကွဲနေမှုများကို ဘေးဖယ်ထားပြီးနောက် လှပသော အစီအစဥ်တစ်ခုကို ရေးဆွဲခဲ့သည်ဟု ဆိုရမည်။ Long Feiye နှင့် Han Yunxi တို့သည် ၎င်းနှင့်ပတ်သက်သည့် မည်သည့် ပြသနာကိုမှ ရှာမတွေ့ခဲ့ပေ။

နင်မျိုးနွယ် တပ်ဖွဲ့များမှာ အမြောက်တပ်သား ၅၀၀ နှင့်အတူ အနီသုတ်အမြောက် ၁၅ လက်ကို ကိုင်ဆောင်ကာ ရှေ့တန်းတပ်အဖြစ် ပထမအကြိမ် တိုက်ခိုက်ရန်အတွက် ဆောင်ရွက်မည်။ သူတို့က ဖြတ်ကျော်သည်နှင့်တပြိုင်နက် သုံးလမ်းသွားဂိတ် မှတဆင့် အားဖြည့်ရန် အသင့်ဖြစ်နေသော မြင်းတပ်သား ၃၀,၀၀၀ မှာနောက်မှ လိုက်ပါလာမည်။ ထို့နောက်တွင် ပထမအုပ်စုနှစ်စုအတွက် အားကောင်းသော အရန်အင်အားအဖြစ် လုပ်ဆောင်ရန် စစ်သား ၅၀,၀၀၀ လိုက်ပါလာမည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now